ဒီနေ့ ဂျပန်အထက်လွှတ်တော်က မြန်မာအတွက်သတင်းကောင်း

ဒီနေ့ ဂျပန်အထက်လွှတ်တော် Live Channel နားထောင်ဖြစ်တယ်။ ကိုယ်စနားထောင်တဲ့ အချိန် ထိုင်ဝမ်က WHO မှာ လေ့လာသူ Observer အနေနဲ့ တက်ရောက်ခွင့်ရတာကို ထောက်ခံတဲ့ ဆုံးဖြတ်ချက်ချတယ်။ အမတ်အားအားလုံး မတ်တပ်ရပ်ပြီး တညီတညွတ်တည်း ထောက်ခံကြတယ်။

 

ဒုတိယမြောက် ကျွန်တော်တို့ မြန်မာပြည်သူအရေးကို တစိုက်မတ်မတ် ရပ်တည် လုပ်ဆောင်ပေးနေတဲ့ အတိုက်အခံပါတီအမတ် Ishibashi Sensei အလှည့်ရောက်တယ်။ ဂျပန်ကွန်မြူနစ်ပါတီ အပါအဝင် အတိုက်အခံပါတီ အမတ်တွေ ကိုယ်စား တင်သွင်းတာမှာ မှတ်မိသလောက်

စစ်အာဏာသိမ်းမှုမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပြည်သူ့တွေအပေါ် ဥပဒေမဲ့ ညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုတာတွေ ချက်ချင်းရပ်ဖို့

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံ နိုင်ငံရေးသမားတွေ ချက်ချင်းလွှတ်ဖို့

 

လက်နက်တင်သွင်း ရောင်းချမှုတွေကို ပိတ်ဆို့ဖို့

တိုင်းရင်းသားဒေသတွေက စစ်ဘေးရှောင်ပြည်သူတွေကို အရေးတကြီး ကူညီထောက်ပံ့ဖို့

မြန်မာပြည်မှာ ဒီမိုကရေစီပြန်လည် အကောင်ထည်ဖို့
မိတ်ဖက်နိုင်ငံတွေနဲ့ အတူတကွ ဆောင်ရွက်ဖို့ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ အချက်ကျကျ တင်သွင်းသွားတယ်။လွှတ်တော်ထဲမှာ လက်ခုပ်သံတွေ တော်တော်ကြာတဲ့ထိ ကြားရတယ်။ လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုကို ဆုံးဖြတ်ဖို့ မဲခွဲတော့ အထက်လွှတ်တော် အမတ်အားလုံး တညီတညွတ်တည်း အကုန်မတ်တပ်ရပ် ထောက်ခံကြတယ်။

နောက် နိုင်ငံခြားရေးဝန်ကြီး Mr.Moteki က စစ်တပ်နဲ့ရဲက ပြည်သူလူထုကို နှိပ်စက် ညှင်းပန်းနေတာတွေ အမြန်ဆုံးရပ်တန့်ဖို့ ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်အမြန်ဆုံးလုပ်ဆောင်ဖို့ အပြင်းထန်တောင်းဆိုသလို အာဆီယံအပါအဝင် မိတ်ဖက်နိုင်ငံများနဲ့ အတူတကွလုပ်ဆောင်သွားမယ်လို့ အတည်ပြုပြောကြားသွားတယ်။

 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချပြီး ဒီမိုကရေစီနိုင်ငံရေး စနစ်အမြန်ဆုံး ပြန်လည်ထူထောင်ရန် အဆိုဟာ ဂျပန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ အောင်မြင်စွာ ဆုံးဖြတ်နိုင်ခဲ့တယ်။

အရေးတော်ပုံ အောင်ရမည်။