မြစ်ထဲမှာ မိကျောင်းတစ်ကောင်နဲ့အတူ ပျော်ရွှင်စွာဆော့ကစားနေကြတဲ့ ကလေးငယ်အုပ်စု(ရုပ်သံ)

အောက်ဆုံးတွင်videoပါသည်

လူသားတွေရဲ့ သဘာဝအရဆိုရင်တော့ အန္တရာယ်များလွန်းတဲ့နေရာတွေ ၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ ကင်းကင်းရှင်းရှင်းနေလိုကြတာပါပဲလေ ။ Social media ပေါ်မှာ တွေ့နေရတဲ့ video တွေမှာဆိုရင် တောရိုင်းတိရစ္ဆာန်အကောင်ကြီးတွေနဲ့ ပွတ်သတ်ပြီးဆော့ကစားနေကြတဲ့လူတွေကိုတွေ့ရင် အလိုလိုစိတ်ထဲမှာတော့ မိုက်ရူးရဲဆန်လွန်းတဲ့လုပ်ရပ်တွေ ၊ အန္တရာယ်များလွန်းတဲ့လုပ်ရပ်တွေဆိုပြီး တွေးထင်မိကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း ကလေးငယ် 4ယောက်ဟာ လုံးဝကြောက်ရွံ့မှုမရှိဘဲ မြစ်ချောင်းထဲမှာ မိကျောင်းတစ်ကောင်နဲ့ ပျော်ပျော်ပါးပါးဆော့ကစားနေခဲ့ကြတာပါ ။ အဆိုပါ video ကိုတော့ ကလေးငယ်တွေရဲ့ ဖခင်ဖြစ်သူကရိုက်ယူထားခဲ့ပြီး social media ပေါ်မှာ ဝေမျှခဲ့တာဖြစ်ပါတယ် ။

 

ကလေးငယ်တွေကတော့ နေအိမ်မှာ ကြောင်လေးတွေကိုအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးထားရတာထက် မိကျောင်းကိုသာမွေးထားချင်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။ မိကျောင်းနဲ့ပျော်ရွှင်စွာ ဆော့ကစားနေကြတဲ့ကလေးငယ်တွေကိုကြည့်ပြီး လူအတော်များများက ကျောချမ်းဖွယ်ကောင်းလွန်းလှအောင် ကြောက်ရွံ့မိနေလျက်ရှိပါတယ် ။

 

Video ကိုရိုက်ကူးနေခဲ့သူမှာလည်း မိကျောင်းကို ကလေးငယ်တွေရဲ့အဝေးဖက်သို့ထွက်သွားအောင် မောင်းထုတ်ခဲ့ခြင်းမျိုးမရှိတဲ့အပြင် ၊ မိကျောင်းက ကလေးငယ်တွေကိုရန်မူမှာကိုလည်း ကြောက်ရွံ့ပုံမရှိပါဘူး ။ ယခုဖော်ပြတဲ့ video ကတော့ အန္တရာယ်များလွန်းတဲ့တိရစ္ဆာန်တွေနဲ့အတူ ကလေးငယ်တွေဆော့ကစားဖို့ တိုက်တွန်းတဲ့ video လို့အထင်မမှားစေချင်ပါဘူး ။ မိကျောင်းနဲ့ဆော့ကစားရဲတာကတော့ သတ္တိရှိတယ်လို့ ထင်ရပေမဲ့လည်း အမှန်တကယ်တော့ အသက်အန္တရာယ်အတွက် စွန့်စားလွန်းရာကျပါတယ် ။

 

Videoကြည့်ရန်