မန္တလေး မဟာမိတ်စစ်ကြောင်း အရုဏ်ဦးသပိတ်မှာ ဖြစ်သွားတာပါ

မန္တလေး မဟာမိတ်စစ်ကြောင်း အရုဏ်ဦးသပိတ် စစ်ကြောင်းအား အရပ်ဝတ်ဖြင့် လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ကြပြီး 37×38ကြား 66 လမ်းပေါ်တွင် လူစုခွဲပြန်လာကြသူများကိုကားဖြင့် တိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

 

တိုက်ခံရသောလူသုံးယောက်တွင်နှစ်ယောက်သည် မြေပြင်ပေါ်တွင် သွေးများစီးကျကာ မြေပြင်ပေါ်တွင် လူးလိမ့်နေစဉ် နောက်မှအရပ်ဝတ်ဖြင့် ပါလာသော ဆိုင်ကယ်သမားမှ အဝတ်နှင့်ပတ်ထားသော သေနတ်များကို ထုတ်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

 

 

အဆိုပါ အတိုက်ခံခဲ့ရသူနှစ်ယောက်တွင်တစ်ယောက်သည် မန္တလေးအဝေးသင်တက္ကသိုလ် သင်္ချာဌာနမှ ဦးထက်အောင်ခိုင်ဟု သိရပါသည်။ ကားဖြင့်တိုက်ခံခဲ့ရသော ဦးထက်အောင်ခိုင် ၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာရှိပြီး ဘယ်နေရာကို
ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာကို မသိရှိရသေးပါ။

 


Zawgyi Version



 

