လူထုအာဏာလုယူထားသည့် စစ်ကောင်စီကို RSO ကစစ်ကြေညာလိုက်ပြီ

အောက်ဆုံးတွင်videoပါသည်

 

လူထုအာဏာ လုယူထားသည့် စစ်ကောင်စီကို ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ RSO က တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကျော်မြင့်ထွန်းက ဗီဒီယိုရုပ်သံမှတစ်ဆင့် ကြေညာသည်။

 

 

ရိုဟင်ဂျာအမျိုးသားများ၏ ရပိုင်ခွင့်အတွက် အသက်နှင့်ရင်း၍ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး တိုက်ပွဲစဖြစ်သည်နှင့် အဆုံးသတ်ခရီးကို လွယ်လွယ်နှင့်ပြီးစီးမည်မဟုတ်ကြောင်း အဆိုပါရုပ်သံတွင် ပြောကြားထားသည်။

 

လက်ရှိတွင် တစ်နိုင်ငံလုံး တောရော၊ မြို့ပါမကျန် ဖက်ဆစ်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေချိန် နောက်ထပ် စစ်မျက်နှာထပ်ဖွင့်လျှင် မည်မျှအထိ ဖြစ်လာနိုင်မည်ကို ခန့်မှန်းနိုင်ကြောင်း အဆုံးသတ်တွင် ပြောကြားထား သည်။

 

Videoကြည့်ရန်