ပိုက်ကွန်ထဲမှာပိတ်မိနေတဲ့ ပင်လယ်ငါးမန်းကို ရအောင်ကယ်ထုတ်ပေးခဲ့တဲ့ တံငါသည်(ရုပ်သံ)

အောက်ဆုံးတွင်videoပါသည်

 


မကြာသေးခင်ကမှ ပိုက်ကွန်ထဲမှာပိတ်မိနေတဲ့ whale shark လို့ခေါ်တဲ့ ပင်လယ်ငါးမန်းအမျိုးအစားငါးကို မလေးရှားနိုင်ငံ ၊ Kedah ပြည်နယ်မှာရှိတဲ့ တံငါသည်အမျိုးသားတစ်ဦးက ပိုက်ကွန်ထဲကနေရအောင် ကယ်ထုတ်ပေးခဲ့တဲ့ video ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ သတ္တိရှိလွန်းတဲ့ တံငါသည်ဟာ ပိုက်ကွန်ထဲမှာပိတ်မိနေတဲ့ ဝါဇီပြောက်ပင်လယ်ငါးမန်းဆီသို့ ကူးခတ်သွားခဲ့ပြီး ညင်သာစွာပိုက်ကွန်ကိုအောက်ဖက်သို့ ဆွဲချပေးပြီးနောက် ငါးမန်းလေးကို ပိုက်ကွန်အပြင်ဖက်သို့ထွက်ခွာနိုင်အောင် ကူညီပေးခဲ့ပါတယ် ။

 

အချိန်အနည်းငယ်ကြာမြင့်ပြီးနောက်မှာတော့ ပင်လယ်ငါးမန်းဟာ ပိုက်ကွန်းကနေလွတ်မြောက်သွားခဲ့ပြီး အဝေးသို့ လွတ်လွတ်လပ်လပ်ကူးခပ်ထွက်ခွာသွားခဲ့ပါတယ် ။ ရှားပါးတဲ့ငါးမျိုးစိတ်တွေကို လောဘမကြီးဘဲ စေတနာမေတ္တာဖြင့်လွတ်မြောက်အောင်ကူညီပေးခဲ့တဲ့ တံငါသည် နှင့် သဘာင်္ပေါ်မှအပေါင်းအပါငါးဖမ်းသမားများကို လူအတော်များများက လေးစားပြီး ၊ ရှားပါးငါးမျိုးစိတ်တွေကို ကူညီကယ်ဆယ်ပေးခဲ့တဲ့အတွက် ချီးကျူ းနေကြလျက်ရှိပါတယ် ။

 

Whale shark အမည်ရှိတဲ့ အဆိုပါရှားပါးငါးမျိုးစိတ်တွေရဲ့ အသား ၊ ဆူးတောင် ၊ အရေခွံ နှင့် ပါးဟက် ရရှိဖို့ အချို့သောတံငါသည်တွေရဲ့ အမဲလိုက်ဖမ်းယူခြင်းကိုခံနေရလျက်ရှိပါတယ် ။ ထို့အပြင် အဆိုပါငါးတွေဟာ တူနာငါးတွေဖမ်းဆီးနေတဲ့ပိုက်ကွန်တွေမှာ မကြာခဏပိတ်မိနေတတ်ကြကြောင်း သိရှိရပါတယ် ။ အဆိုပါ ဝါဇီပြောက်ပင်လယ်ငါးမန်းတွေဟာ လူတွေကိုအန္တရာယ်မပြုတတ်ကြောင်းလည်း သိရှိရပါတယ် ။Jasmine (Mckzone Daily)

 

videoကြည့်ရန်