ကလေးကို ဆွမ်းခံမယ် မထည့်ဘူးဆိုတဲ့ မိဘ ​ေ သ ဖို့သာပြင်တော့ဆိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးကြီး

အောက်ဆုံးတွင် videoပါသည်

တနသာ်ရီတိုင်း၊ ပလောက်မြို့ ၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ ကန်မော်ကျေးရွာ မူလတန်းလွန်ကျောင်းမှာ ကျောင်း သား ၄ ဦးသာ လာရောက် အပ်နှံ ထားတာကို အကြောင်းပြပြီး အကြမ်းဖက်စစ်ကောင်စီမှ G1 အဆင့်ရှိ ဗိုလ်မှူးကြီး လှမျိုးထွန်းက စာသင်ကျောင်းမှ ဆရာ၊ဆရာမတွေ နဲ့ ကျေးရွာ ဒေသခံ တွေကိုခြိမ်းခြောက်ခဲတဲ့‌ဗီဒီယိုဖိုင် တစ်ခု ပျံ့နှံ့နေပါတယ်။

 

ယမန်နှစ်က ကျောင်းသား ဦးရေ ၁၈၀ ကျော်ရှိသော်လည်း စစ်ကောင်စီ က ဖွင့်လှစ်ဖို့ ညွန်ကြား တဲ့ ကျောင်းအပ်ကာလ မှာတော့ ကျောင်းသား ၄ဦးသာ လာရောက် အပ်နှံခဲ့တာဖြစ်ပါတယ်။

ဒီဗီဒီယို ထဲမှာ စစ်ကောင်စီ ဗိုလ်မှူးကြီး လှမျိုးထွန်းဟာ စာသင်ကျောင်း တာဝန်ရှိသူတွေ နဲ့ ကျေးရွာအုပ်ချုပ် ရေးပိုင်း က တာဝန်ရှိသူတွေကို ယခုလ ၂၁ ရက်နေ့ ထိ ကျောင်းအပ်နှံ့သူ တိုးမလာပါက အရေးယူမှုတွေ ပြုလုပ်မယ်လို့ ခြမ်းခြောက် အကျပ်ကိုင်ခဲ့တာ၊ သ……တ်ဖြတ်မယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

“လကုန်လို့ ကျောင်းလာအပ်တဲ့သူ‌တိုးမလာရင် ကျွန်တော်နဲ့တွေ့မယ် ။ ခင်ဗျား ရွာက လူတွေကိုပြောလိုက် ကျွန်တော်နဲ့ ထိပ်တိုက်မတွေ့ စေနဲ့လိုပြောလိုက်။ အိမ်ပေါက်စေ့လိုက်ရပ်မယ်။ ဆွမ်းခံသလိုပေါ့။ ကလေးကို ဆွမ်းခံမယ်။ မထည့်ဘူးဆိုတဲ့ မိဘ သေဖို့သာပြင်တော့”ဟု ၎င်းက ပြောဆိုသည်။

 

လတ်‌တလော မှာ မြန်မာ နိုင်ငံရှိမြို့ကြီးတချို့မှာ ကိုဗစ်ရောဂါ ပြန်လည်ပြန်နှံ့လာတာကြောင့် စာသင်ကျောင်း တွေယာယီ ပြန်လည် ပိတ်ထားဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

ရန်ကုန် တိုင်းလှည်ကူးမြို့နယ် က မဘသ အဖွဲ့ တွေ ကြီးမှုး ပြီး ဖွင့်တဲ့ မဟော်သဓာစာသင်ကျောင်းမှာ ကိုဗစ် ကူးစက်ခံထားရတဲ့ကျောင်းသား ၂၀၀ နီးပါး ရှိနေတယ်လို့ သိရှိရပါတယ်။

 

Videoကြည့်ရန်