ဒီမော့ဆိုတွင် အလောင်းများ ပြန့်ကျဲနေပြီး​ ခွေးပါဆွဲနေ


ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ၆ မိုင်ရွာတွင် အလောင်းများ ပြန့်ကျဲနေပြီး အလောင်းတချို့မှာ ခွေးဆွဲနေကြောင်း၊ ဒီမော့ဆို ခရစ်ယာန်ဘုရားကျောင်းလည်း ပစ်ခတ်ခံထားရပြီး ပြည်သူများ၏ နေအိမ်အများစု ပစ်ခတ်ခံထားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

 

“စစ်တပ်ဘက်က လူတွေမရှိတော့ ဒေသခံတွေလည်း ကိုယ့်အိမ်ကိုယ်ပြန်ကြည့်ကြတာ။ အလောင်းတွေ ပြန့်ကျဲနေတယ်။ ဘယ်သူဘယ်ဝါမှန်းတောင်မသိတော့ဘူး။ အပုတ်နံ့ကတော့ ၆ မိုင်ရွာတစ်ခုလုံး နံနေတာပဲ။

 

တချို့အလောင်းတွေ ခွေးတောင် ဆွဲနေပြီ။ ၁၀ လောင်းလောက်ရှိမလား မသိဘူး။ အလောင်းတွေက အိမ်တွေကို စိတ်မချလို့ စောင့်ရင်း ပစ်သတ်ခံရတာ လည်းဖြစ်နိုင်ပါတယ်။

ဘယ်သူဘယ်ဝါလို့ကို မှန်းလို့မရတော့ဘူး အရိုးကျနေပြီ” ဟု အခြေအနေကို မျက်မြင်တွေ့ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။