ပေါက်မြို့နယ်၊ ကင်းမရွာ တစ်ရွာလုံးကို စစ်ကောင်စီက

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ကင်းမကျေးရွာတွင် ဇွန်လ ၁၅ ရက် ယနေ့မွန်းလွဲ ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ခြောက်လှန့်ပစ်ခတ်ကာ ရွာရှိ နေအိမ်များကို မီးတင်ရှို့ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

 

 

ညနေ ၄ နာရီခွဲခန့်ထိ မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး ရွာ၏ သုံးပုံ တစ်ပုံခန့် မီးလောင်နေဆဲဖြစ်ကြောင်း ရွာသားများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်လာကတည်းက ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

 

လွန်ခဲ့သည့် ရက်ပိုင်းက ပေါက်မြို့နယ် ကြည့်ငိုတောင်တွင် စစ်ကောင်စီ၏ သတင်းပေး ဒလန်အချို့ သ==တ်ခံရတာနဲ့ ပတ်သက်ပြီး ယခုလို ကင်းမကျေးရွာတစ်ရွာလုံးကို မီးတင်ရှို့သည်ဟု ယူဆကြောင်း ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

 

 


Zawgyi Version



