ရွာလုံးကျွတ် မီးရှို့ခံလိုက်ရသဖြင့် တစ်ရွာလုံး ပြာကျ​​သွားသည့် အပြင်

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာမှ ပြည်သူများ၏ နေအိမ်များကို စစ်​ကောင်စီက ယမန်​နေ့ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့၍ ယ​နေ့နံနက်ပြာကျ​နေသည်ကိုမြင်​တွေ့ရသည်။

 

 

ဖက်ဆစ်စစ်ကောင်စီမှ ရှို့ခဲ့သည့်မီးမှာ ယမန်နေ့ညပိုင်းအထိ တောက်လောင်နေခဲ့ပြီး ရွာအတွင်း ကျန်ရစ်နေခဲ့သော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများ မီးထဲပါပြီး ကွယ်လွန်သွားခဲ့သည်ဟု ဒေသခံအရင်းအမြစ်များမှ ပြောဆိုကြသည်။

 

ပေါက်မြို့နယ် တောင်ဘက်အစွန်ရှိ ကင်းမရွာတွင် အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိပြီး လူဦးရေ ၁၀၀၀ ကျော် နေထိုင်ကြောင်းသိရသည်။

 


Zawgyi Version

 

႐ြာလုံးကြၽတ္ မီးရႈိ႕ခံလိုက္ရသျဖင့္ တစ္႐ြာလုံး ျပာက်​​သြားသည့္ အျပင္

မေကြးတိုင္း ပခုကၠဴခ႐ိုင္ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္း ကင္းမ႐ြာမွ ျပည္သူမ်ား၏ ေနအိမ္မ်ားကို စစ္​ေကာင္စီက ယမန္​ေန႔႐ြာလုံးကြၽတ္ မီးရႈိ႕ဖ်က္ဆီးခဲ့၍ ယ​ေန႔နံနက္ျပာက်​ေနသည္ကိုျမင္​ေတြ႕ရသည္။

 

ဖက္ဆစ္စစ္ေကာင္စီမွ ရႈိ႕ခဲ့သည့္မီးမွာ ယမန္ေန႔ညပိုင္းအထိ ေတာက္ေလာင္ေနခဲ့ၿပီး ႐ြာအတြင္း က်န္ရစ္ေနခဲ့ေသာ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ မသန္စြမ္းမ်ား မီးထဲပါၿပီး ကြယ္လြန္သြားခဲ့သည္ဟု ေဒသခံအရင္းအျမစ္မ်ားမွ ေျပာဆိုၾကသည္။

ေပါက္ၿမိဳ႕နယ္ ေတာင္ဘက္အစြန္ရွိ ကင္းမ႐ြာတြင္ အိမ္ေျခ ၂၅၀ ဝန္းက်င္ရွိၿပီး လူဦးေရ ၁၀၀၀ ေက်ာ္ ေနထိုင္ေၾကာင္းသိရသည္။