ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ ပထမဆုံးအကြိမ် နာရီဝက်ကျော် တွေ့ခွင့်ရ

ဖမ်းဆီးထိန်းသိမ်းခံထားရသည့်နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်နှင့်နေပြည်​တော်​ကောင်စီဥက္ကဌဒေါက်တာမျိုး​အောင်တို့(ဇွန် ၁၅)ရုံးချိန်းမစတင်မီ နာရီဝက်​ကျော်တွေ့ဆုံခွင့်ရခဲ့ကြ​​ကြောင်းသိရသည်။

 

တရားလွှတ်​တော်​ရှေ့​နေဒေါ်မင်းမင်းစိုးက”ဒီ​နေ့ အမှု​ပေါ့။ ၅၀၅(ခ)နဲ့ ပတ်သတ်တဲ့အမှုကစစ်ရမှာဆို​တော့သူတို့၃​ယောက်စလုံးနဲ့ကျွန်မတို့နဲ့​တပြိုင်နက်တည်းတွေ့ရတာပါရှင့်”ဟု ​ပြောသည်။

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့် သမ္မတဦးဝင်းမြင့် ၊​ဒေါက်တာမျိုး​အောင်တို့နှင့်တွေ့ဆုံခွင့်ရလို​ကြောင်းဇွန်လရရက်​နေ့ ရုံးချိန်းတွင်တောင်းဆိုခဲ့ပြီး​နောက်ယ​နေ့တွင်ပထမဆုံးအကြိမ်အဖြစ်၃ဦး​တွေ့ဆုံခွင့်ရခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

 

“သူတို့ ၃ဦးစလုံးနဲ့ရှေ့​နေ​တွေနဲ့သီးသန့်​တွေ့တယ်လို့​ပြောလို့ရပါတယ်။အခန်းထဲမှာကျွန်မတို့ကြီးပဲတွေ့ဆုံပြီးပြောကြရတာပါ”ဟု ဒေါ်မင်းမင်းစိုးကဆိုသည်။

ယ​နေ့ရုံးချိန်းတွင်ဒေါ်​အောင်ဆန်းစုကြည်ကိုထပ်မံစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပ​ဒေပုဒ်မ(၂၅)နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်၊သမ္မတနှင့်နေပြည်​တော်​ကောင်စီဥက္ကဌ ​ဒေါက်တာမျိုး​အောင်တို့၃ဦးလုံးကိုစွဲဆိုထားသည့် ပုဒ်မ ၅၀၅(ခ) စသည့်အမှု ၂မှုကိုစစ်​ဆေးခဲ့ခြင်းဖြစ်သည်။

 

ယ​နေ့တွင်ပုဒ်မ၅၀၅(ခ)နှင့်ပတ်သတ်ပြီးတရားလိုဒက္ခိဏခရိုင်ဒုတိယအ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးဦးစိုးစိုး​ရွှေနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပ​ဒေပုဒ်မ (၂၅)နှင့် ပတ်သတ်ပြီးတရားလိုဦးထွန်းမြင့်​အောင်(ခ)ဦးညီညီတို့ကိုစစ်​ဆေးခဲ့​ကြောင်းသိရသည်။ပြန်လှန်စစ်​မေးခြင်းကို​နောက်ရုံးချိန်းသို့ချိန်းဆိုထား​ကြောင်းသိရသည်။

​ဒေါ်မင်းမင်းစိုးက”အမြဲတမ်းအ​မေ့ကို​တွေလိုက်ရင်Strongဖြစ်တယ်။ Confidenceရှိတယ်ဆိုတဲ့ပုံစံအမြဲတမ်းရှိ​နေပါတယ်”ဟု​ပြောသည်။

လက်ရှိတွင်နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့်သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပ​ဒေပုဒ်မ ၂၅ ဖြင့်၂မှု၊ ပို့ကုန်၊ သွင်းကုန် ဥပ​ဒေပုဒ်မ ၈၊ ပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးပုဒ်မ၆၇၊ မြန်မာနိုင်ငံလျှို့ဝှက်ဥပ​ဒေပုဒ်မ ၃(၁)(ဂ)တို့ဖြင့်တရားစွဲခံထားရပြီးအဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​​ဒေပုဒ်မ၅၅ဖြင့်လည်းအမှုဖွင့်ခံထားရသည်။

 

ထို့အပြင်သမ္မတဦးဝင်းမြင့်အ​နေဖြင့်လည်း​နေပြည်​တော်ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပ​ဒေပုဒ်မ၂၅၊ ပုဒ်မ၅၀၅(ခ)တို့ဖြင့် တရားစွဲခံထားရသည်။

အဆိုပါအမှုများထဲမှနေပြည်​တော်တွင်စွဲဆိုထားသည့်အမှုများကိုရက်​ပေါင်း၁၈ဝအတွင်းအပြီးစစ်​ဆေးသွားရန်တရားရုံးက ဆုံးဖြတ်ထားပြီးရုံးချိန်းကိုအပတ်စဉ်တနင်္လာ​နေ့နှင့်အင်္ဂါ​နေ့တို့တွင်ပြုလုပ်သွားမည်ဖြစ်သည်။

 

ထို့​ကြောင့်အဆိုပါအမှုများကိုလာမည့်ဇူလိုင်လ၂၆ရက်​နေ့တွင် အပြီးသတ်​ဆောင်ရွက်သွားရန်ယေဘူယျစီစဉ်ထား​ကြောင်းလည်းသိရသည်။