သမီးက ကလေးရှိသေးတာ ဆိုတဲ့ KTV က ၁၆ နှစ်မလေး

သမီးက ကလေးရှိသေးတယ် ဆိုတဲ့ KTV က ၁၆ နှစ်မလေးကောင်မလေးကလည်း အကြိမ်ကြိမ်ငြင်းဆိုနေတာပေါ့ဦးရယ် မဖြစ်နိုင်ပါဘူး ခုမီးက–ခလေးရှိသေးတယ်”ဘောစိ ဦးလေးကြီးလည်းမီးကိုသာရမယ်ဆို ဘယ်ပုဒ်မတွေမဆို ငွေနဲ့ဖြေရှင်းမည်ဖြစ်ကြောင်း နွားအို မြက်နုကြိုက်တာ အစဉ်အလာဖြစ်ကြောင်း ပြောဆိုကာ ဒူးထောက်၍ လက်ထပ်ခွင့်တောင်းနေပြန်တယ်

 


ကောင်မလေးကလည်း ငရဲတွေကြီးပါ့မယ် ဦးရယ်မီးက တကယ် ခလေးရှိပါသေးတယ်ဆိုပြီးအကြိမ်ကြိမ်ငြင်းဆိုနေတော့ဘောစိဦးလေးကြီးလည်း မီးလေးရေ ရှေ့ရေးစဉ်းစားလေဆိုပြီး အမြဲ နားပူနားစာလုပ်နေတယ် နောက်ဆုံးတော့ မီးဆိုတဲ့ကောင်မလေး လည်း ဘောစိဦးလေးကို-မငြင်းသာ မလှုပ်သာပဲ လက်ထပ်ဖို့သဘောတူလိုက်တယ်

 


ကောင်မလေးက-ဦးနဲ့လက်ထပ်ပြီး ရွာကို ခဏ ဆိုပြီးပြန်သွားတာပေါ့ ဦးလည်း လွမ်းကာကျန်ရစ်ခဲ့တယ် နှစ်ရက်သုံးရက်နေတော့ ကောင်မလေး ဦးဆီကို ပြန်ရောက်လာတယ် ကောင်မလေးခေါ် မီးရဲ့ ဘယ်ဘက်လက်မှာ တစ်နှစ်အရွယ် ခလေးလေးတစ်ယောက် ချီပိုးပြီးပါလာတယ်

 


အဲ့ဒီမှာ ဘောစိဦးလေးကြီးကဘယ်သူလဲ မေးတာပေါ့ -ဦးကို မီးပြောထားတယ်လေ-မီးက ခလေးရှိသေးတယ်လို့ပြောထားတာ ဦးမေ့သွားပြီလားတဲ့ဘောစိကြီးလည်း အဲ့ဒီနေရာမှာပဲရှော့ဖြစ်ပြီး နန်းတော်ဆေးရုံရောက်ရှာပေါ့