ကျွန်တော်တို့ မြောက်ပိုင်းမှာ အခြေအနေမကောင်းတော့ဘူး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ကန်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့တို့ တိုက်ပွဲပြင်းထန်ပြီး လွယ်ကန်ကျေးရွာမှ ဒေသခံ ၁၅၀ ကျော်သည် ပန်ကူကျေးရွာသို့ တိမ်းရှောင်ထွက်ပြေးလာကြသည်ဟု သတင်းရရှိသည်။

 

 

ယနေ့ ဇွန်လ ၁၆ ရက် နံနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲအထိ TNLA, AA, MNDAA ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲကြောင့် ပန်ကူကျေးရွာအတွင်းသို့ ရှောင်တိမ်းလာရကြောင်း သိရသည်။

 

“ကွတ်ခိုင်မှာ စစ်ရှောင်စခန်း ၁၂ ခု လောက်ရှိတယ်၊ လုံခြုံတဲ့ရွာတွေမှာ ရှိတာပေါ့၊ အခုတိုက်ပွဲတွေ စိတ်လာတော့ စစ်ရှောင်တွေလည်း တရက် တရက်များများလာတယ်၊ စာရင်း အတိအကျတော့ မသိသေးဘူး”

 

အလားတူ ကွတ်ခိုင်မြို့နယ်၊ လွယ်ဆမ်ဆစ်တောင်ခြေ နမ့်ပါချီးကျေးရွာနှင့် ပါဂျိုရွာ အနီးပတ်ဝန်းကျင်တွင် ယနေ့ နံနက် ၈ နာရီဝန်းကျင်၌ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၄၊

 

တပ်ရင်း ၃၉ နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲ ပြင်းထန်ပြီး KIA မှ တစ်ဦးကျဆုံးကာ စစ်တပ်ဘက်မှာလည်း အကျအဆုံးများနိုင်ကြောင်း ကချင်သတင်းရင်းမြစ်များက ဖော်ပြထားသည်။