ယနေ့ညမှစ၍ ၁၇ရက်အတွင်း မိုးကြီး ရေလျှံ နိုင်သည်မြို့များ အထူးသတိပေးချက်

မြေနိမ့်ရာနေရာ နေထိုင်သူတွေနဲ့ မြေပြိုနိုင်သော နေရာတွေနေ ထိုင်သူတွေ သတိထားကြပါ

 

၂၀၂၁ ဇွန်လ ၁၅ရက်နေ့ ညမှ ၁၇ရက် နေ့အတွင်း ကျိုက်ထို ဘီးလင်း သထုံ ဘားအံ ပေါင် မုတ္တမ မော်လမြိုင်ကျုံဒိုး ကော့ကရိတ် မြဝတီ မိုးကြီးရေလျှံ ဖြစ်နိုင်ပါသဖြင့် မြေနိမ့်ရာနေရာနေထိုင်သူတွေနဲ့ မြေပြိုနိုင်သောနေရာ နေထိုင်သူများ အထူးသ တိထားကြပါနော်။ (၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှအားအလွန် ကောင်းနေပါသည်။

 

မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်။ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ စစ် ကိုင်းတိုင်းဒေသကြီ အ ထက်ပိုင်း၊ မန္တလေးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ က ချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည် နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ် ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေ သကြီး၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအ လိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် နေရာကွက် ၍ မိုးကြီးနိုင်ပါ သည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်း တစ် လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီး နိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေ ပြင်/မြေ ပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀) အ ထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂) ပေခန့် ရှိနိုင်ပါသည်။

 

နောက်(၂)ရက်အတွက် ခန့်မှန်းချက်။ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည်။ နေ ပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့် မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာ နှုန်းပြည့် ဖြစ်ပါသည်။

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့် မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အ ထိခန့် မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန