ဆိုင်ထဲဝင်နေတုန်း မိနစ် ပိုင် းအတွင်း မှာပဲ ကျမဆိုင်ကယ်ကို လူသုံးယောက်ပေါင်းပြီး ခိုးသွားတဲ့CCTVမှတ်တမ်း

အောက်ဆုံးတွင်videoပါသည်…

 

လက်ရှိမှာ မြန်မာနိုင်ငံရဲ့အခြေအနေက ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ကြားကနေ ခိုးမှု၊လုယက်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာ တွေ့ရပါတယ်။ မနေ့ကဆိုရင်လည်း သရုပ်ဆောင်မင်းသမီး သွန်းသစ္စာဇော်က သူမတို့ဆိုင်ကယ် အခိုးခံ လိုက်ရတဲ့ဖြ စ်စဥ်ကို CCTV မှတ်တမ်းနဲ့အတူ ပြသလိုက်တာ ဖြစ်ပါတယ်။ သွန်းသစ္စာဇော်က ဆိုင်ထဲဝင်ပြီး ငွေချေနေတုန်း မိနစ်ပို င်းအတွင်းမှာပဲ ဆိုင်ကယ်က အခိုးခံလိုက်ရတာ ဖြစ်ပါတယ်။

 

ခိုးသွားတဲ့ပုံစံကတော့ လူသုံးယောက်ပေါင်းပြီး အကွက်ကျကျ စီစဥ်သွားတာကို CCTV မှတ်တမ်းကတစ်ဆင့် မြင်တွေ့ရ တာပဲ ဖြစ်ပါတ ယ် ။ ပထမဆုံးအနေနဲ့ သွန်းသစ္စာဇော်တို့ရပ်ထားတဲ့ ဆိုင်ကယ်အနားကို လူနှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့ ချည်းကပ်လာခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ နောက်တစ်ယောက်ရောက်လာပြီး ဆိုင်ကယ်သော့ဖျက်နေတာကို တစ်ယောက်ကလည်း ဘေးကနေ စောင့်ကြည့်ပေးနေတာ ဖြစ်ပါတယ် ။

 

ဒါ့အပြင် အဲ့ဒီလူသုံးယောက်ထဲက တစ်ယောက်ကလည်း ဆိုင်ထဲကိုဝင်ပြီး အခြေအနေကြည့်ပေးနေ တာကို ဗီဒီယိုထဲမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ သူများဆိုင်ကယ်ကို မတရားတဲ့နည်းလမ်းနဲ့ ခိုးယူသွားတဲ့သူတွေကိုတော့ သွန်းသစ္ စာဇော်က” လူတွေလည်း ငတ်ပြတ်နေပြီထင်ပါတယ် အရင်လိုမဟုတ်တော့ဘူး ပိုက်ဆံလေးဝင်ချေတုန်း ဘယ်နှစ်မိနစ်မှတောင် မကြာလိုက် ဘူး ပါသွားတာ သူတို့ထဲက တစ်ယောက်ကလည်း အထဲဝင်လာပြီး check ပေးသေးတာ နေရာအထားမှားတဲ့ ကိုယ်တွေအပြစ်လည်းမကင်း တော့ ဘာမှမပြောချင်တော့ပါဘူး သူများဒုက္ခရောက်နေချိန် အခုလိုအလွယ်လုပ်တဲ့သူများ ကျန်းမာကြပါစေရှင် ” ဆို ပြီး ပြောထား တာ ဖြစ်ပါတယ် ။ ပြ ည်သူတွေလည်း သတိထားလို့ရအောင် ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။Source : Thun Thit Sar Zaw

 

Videoကြည့်ရန်….