ဘယ်ဆီကို ခရီးဆက်ပြီး ဘယ်မှာ အိပ်စက်နားခိုပါ့မလဲလေ

ပြာပုံသာရှိတော့တဲ့ ဇာတိချက်မြှုပ် ကင်းမရွာကိုမျက်ရည်စက်လက်နဲ့ အဘွားတို့ခွဲခွာရတော့မှာပါလား…ဒီမြေဒီရေမှာပဲ ခေါင်းချမယ်ဆိုတဲ့စိတ်ကူးတွေ၊ ရိုးစင်းလှတဲ့ဘဝတွေအတွက်ရင်နင့်ရတယ်။

အာဏာရှင်တွေ ဖျက်သမျှအာဏာမဲ့သူတွေရဲ့ဘဝဟာ ပျက်ရတယ်။

 

အာဏာရှင်တွေ ယုတ်သမျှအမှန်လိုလားသူတွေရဲ့ဘဝတွေဟာ ဆုတ်ရတယ်။

ပျက်စီးခဲ့ရသမျှ၊ ဆုတ်ယုတ်လာခဲ့သမျှဟာ
အာဏာရှင်စနစ်ချုပ်ငြိမ်းမှသာ ပြန်ရရှိနိုင်တော့မှာ။

 

အာဏာရှင်စနစ်ဆိုး မြန်မာ့မြေပေါ်ရှိနေသရွေ့ ယခုလို အဖြစ်ဆိုးတွေထပ်မံဖြစ်ပျက်နေအုံးမယ် ဆိုတာမြေကြီးလက်ခတ်မလွဲပါဘူး။

ရဲမင်း(AAC)
လွတ်မြောက်နယ်မြေ….