ဟုမ္မလင်းမှ ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီက လူမိုက်ဂိုဏ်းပုံစံနဲ့

 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီက လူမိုက်ဂိုဏ်းပုံစံနဲ့ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တာပါ။

 

 

ယမန်နေ့က နောင်ပကျစ်တောင်ပေါ်ကျောင်းဆရာတော်ကိုအတင်းလူဝတ်လဲ ဖမ်းစီးသွားခဲ့ကြတာပါ။

ယနေ့မှာတော့ နောင်ပကျစ်မြို့လယ်
(မြသိန်းတန်)ဘုန်းကြီးကျောင်းကိုလည်း ဝင်ရောက်မွှေနှောက်စစ်ဆေးနေပါတယ်။

 

စစ်ကောင်စီက အရပ်ဝတ်တွေ ဝတ်ဆင်ပြီး လ က်န က်တွေကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းပတ်ဝန်းကျင်တစ်ခုလုံးကို အစောင့်တွေ ချထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျောင်းထိုင်ဆရာတော်ကတော့ မနေ့ကတည်းက ဘေးကင်းရာကိုရှောင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 

Zawgyi Version


 




