အသုံးမပြုဘဲ ပစ်ထားတဲ့ Shopping Mall ကြီးထဲမှာ ထောင်နဲ့ချီတဲ့ငါးတွေ အသက်ရှင်နေထိုင်ခဲ့ကြတဲ့(ရုပ်သံ)

အောက်ဆုံးတွင်Videoပါသည်…

 

လူတွေစွန့်ပစ်ထားတဲ့ Shopping Mall ကတော့ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ တည်ရှိနေခဲ့တာပါ ။ အဆိုပါ Mall ကြီးဟာဆောက်လုပ်ပြီးစီးတာနဲ့ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချမှုမရှိလို့ 1997 ခုနှစ်မှာ ပိတ်သိမ်းခဲ့ရပါတယ် ။ 1999 ခုနှစ်မှာ မီးဘေးကြောင့် အဆောက်အအုံရဲ့အမိုးတွေပေါက်ကွဲပျက်စီးခဲ့ရပါတယ် ။ နောက်ပိုင်း မိုးတွေရွာသွန်းတဲ့အချိန်မှာ ခြင်တောင် အဆမတန်ပေါက်ဖွားလာလို့ အဆိုပါပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ ဒေသခံတွေ အခက်တွေ့ခဲ့ရပါတယ် ။

 

နောက်ဆုံး အင်းဆက်ပိုးတွေ များလာတော့ ဒေသခံတွေက အဆိုပါ အင်းဆက်ပိုးတွေကို နှိမ်နင်နိုင်ဖို့ အဆောက်အအုံထဲ ငါးတွေမွေးထည့်ဖို့ အကြံရလာခဲ့ပါတယ် ။ နောက်ပိုင်းမိုးရွာသွန်းမှုကြောင့် အဆောက်အအုံအတွင်းမှာလည်း ရေတွေပြည့်နှက်ခဲ့ပြီး ရွှေငါး ၊ ငါးခူ အစရှိတဲ့ ငါးအမျိုးအစား စုံလင်စွာ မွေးထားခဲ့ကြပါတယ် ။

 

နောက်ပိုင်း ငါးတွေကလည်း အဆမတန်မျိုးပွားလာခဲ့ပြီးနောက် အဆိုပါ အဆောက်အအုံသို့ ငါးများကြည့်ရှုရန်လာရောက်လည်ပတ်သူတွေ များပြားလာခဲ့ပြီး ဒေသခံတွေကလည်း Shopping Mall ဘေးမှာ ဆိုင်ခန်းငယ်လေးတွေ ဖွင့်ပြီး အစားအသောက် နှင့် ငါးတွေ ရောင်းချလျက်ရှိကြောင်းသိရှိရပါတယ် ။Jasmine (Mckzone Daily)

 

videoကြည့်ရန်….