အမေစုထံ အသုံးစရိတ် ပေးသော်လည်း စိတ်မကောင်းစရာဖြစ်ခဲ့ရတဲ့

 

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုရှေ့နေအဖွဲ့က နေ့စဉ်အသုံးစရိတ်အတွက် ငွေကြေးကူညီရာမှာ ရဲက လက်မခံတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

 

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခု လေးလကျော်အတွင်းမှာ နေ့စဉ်စားဝတ်နေရေးနဲ့ အသုံးစရိတ် ခက်ခဲ နေတဲ့အတွက် ကူညီပေးဖို့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ရုံးချိန်းမှာ သူ့ရဲ့ ရှေ့နေအဖွဲ့ကို ပြောကြားခဲ့ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတူနေထိုင်သူတွေရဲ့ နေ့စဉ်အသုံးစရိတ်အတွက် နေပြည်တော်မှာရှိတဲ့ ရှေ့နေအဖွဲ့က လွန်ခဲ့တဲ့သီတင်းပတ်က ရဲတပ်ဖွဲ့ကတဆင့် ကျပ်ငွေ သိန်း ၅၀ ပေးခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

 

“ဆန်၊ ဆီ၊ ဆားတော့ ပို့ထားတယ်လေ၊ အဲဒါတွေကတော့ ပြန်မပေးဘူးဗျ၊ သို့သော် ဒေါ်အောင်ဆန်း စုကြည်ကပြောတာ တချို့ပစ္စည်းတွေ၊ တချို့အစားသောက်တွေက နည်းနည်းလေး မှိုတက်တာတွေ ဘာတွေရှိတယ်လို့ ပြောတယ်၊ ဒုတိယနေ့က ပို့တော့လေ။

တွေ့တဲ့အခါတိုင်းတော့ အဆင်ပြေသလို ပို့ကြရမှာပေါ့နော်၊ ဒါပေမဲ့ ခုနက ပြောသလို ငွေကြေးကတော့ မရသေးဘူး၊ ဘယ်လိုပြောရမလဲ အရံ ဆောင်ထားဖို့ပို့တဲ့ ငွေ သိန်းငါးဆယ်ကတော့ ရဲကလက်ခံထားပြီး ဟိုတစ်နေ့က ပြန်ပေးလိုက်တယ်ဗျ၊ ဒုတိယ ရုံးချိန်းနေ့က၊ ခဏသိမ်းထားပါဦး အထက်ကို တင်ပြပြီးတော့ ခွင့်ပြုမှပေးပါလို့ ပြောတယ်”

 

Zawgyi Version

 

အေမစုထံ အသုံးစရိတ္ ေပးေသာ္လည္း စိတ္မေကာင္းစရာျဖစ္ခဲ့ရတဲ့

 

စစ္ေကာင္စီရဲ႕ ဖမ္းဆီးတရားစြဲခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုေရွ႕ေနအဖြဲ႕က ေန႔စဥ္အသုံးစရိတ္အတြက္ ေငြေၾကးကူညီရာမွာ ရဲက လက္မခံတဲ့အတြက္ အခက္အခဲျဖစ္ေနတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြက ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးကတည္းက ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အခု ေလးလေက်ာ္အတြင္းမွာ ေန႔စဥ္စားဝတ္ေနေရးနဲ႔ အသုံးစရိတ္ ခက္ခဲ ေနတဲ့အတြက္ ကူညီေပးဖို႔ ၿပီးခဲ့တဲ့ ဇြန္လ ၇ ရက္ေန႔ ႐ုံးခ်ိန္းမွာ သူ႔ရဲ႕ ေရွ႕ေနအဖြဲ႕ကို ေျပာၾကားခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ အတူေနထိုင္သူေတြရဲ႕ ေန႔စဥ္အသုံးစရိတ္အတြက္ ေနျပည္ေတာ္မွာရွိတဲ့ ေရွ႕ေနအဖြဲ႕က လြန္ခဲ့တဲ့သီတင္းပတ္က ရဲတပ္ဖြဲ႕ကတဆင့္ က်ပ္ေငြ သိန္း ၅၀ ေပးခဲ့ေပမယ့္ လက္မခံခဲ့ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္ က ေျပာပါတယ္။

“ဆန္၊ ဆီ၊ ဆားေတာ့ ပို႔ထားတယ္ေလ၊ အဲဒါေတြကေတာ့ ျပန္မေပးဘူးဗ်၊ သို႔ေသာ္ ေဒၚေအာင္ဆန္း စုၾကည္ကေျပာတာ တခ်ိဳ႕ပစၥည္းေတြ၊ တခ်ိဳ႕အစားေသာက္ေတြက နည္းနည္းေလး မႈိတက္တာေတြ ဘာေတြရွိတယ္လို႔ ေျပာတယ္၊ ဒုတိယေန႔က ပို႔ေတာ့ေလ။

ေတြ႕တဲ့အခါတိုင္းေတာ့ အဆင္ေျပသလို ပို႔ၾကရမွာေပါ့ေနာ္၊ ဒါေပမဲ့ ခုနက ေျပာသလို ေငြေၾကးကေတာ့ မရေသးဘူး၊ ဘယ္လိုေျပာရမလဲ အရံ ေဆာင္ထားဖို႔ပို႔တဲ့ ေငြ သိန္းငါးဆယ္ကေတာ့ ရဲကလက္ခံထားၿပီး ဟိုတစ္ေန႔က ျပန္ေပးလိုက္တယ္ဗ်၊ ဒုတိယ ႐ုံးခ်ိန္းေန႔က၊ ခဏသိမ္းထားပါဦး အထက္ကို တင္ျပၿပီးေတာ့ ခြင့္ျပဳမွေပးပါလို႔ ေျပာတယ္”