မသေသင့်ဘဲ သေဆုံးသွားခဲ့ရတဲ့ မင်းတပ်မြို့က အသက် (၇)လအရွယ်စစ်ဘေးရှောင်ကလေးလေး

တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ဒေသခံတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်တွေကိုစွန့်ခွာပြီး တောထဲတွေထဲမှာ စစ်ဘေးရှောင်နေခဲ့ရပါတယ်။

 

အဆိုပါစစ်ဘေးရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်လေးတွေလည်း ပါဝင်နေခဲ့ပါတယ်။ မိုးတွင်းအချိန်အခါကို ရောက်ရှိနေပြီမို့ စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးဒဏ်၊လေဒဏ်တွေအပြင် ငှက်ဖျားရောဂါကိုပါ ရင်ဆိုင်ကြုံတွေ့နေရကာ အရေးပေါ်အကူအညီတွေကိုလည်း အမြန်လိုအပ်နေကြပါတယ်။

ယနေ့မှာတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မဲင်းကျေးရွာက စစ်ဘေးရှောင်ကလေးငယ်တစ်ယောက်ဟာ အအေးမိဖျားနာပြီး သေဆုံးသွားခဲ့ရပါတယ်။

 

 

နွေးနွေးထွေးထွေး၊အေးအေးချမ်းချမ်းနေရမယ့် အရွယ်လေးမှာ ဒုက္ခတွေခံစားရပြီး အခုလိုသေဆုံးသွားတဲ့ အသက်၇လအရွယ်ကလေးငယ်လေးအတွက် ပြည်သူတွေက ယူကျုံးမရဖြစ်ကာ ဝမ်းနည်းနေခဲ့ပါတယ်။

 

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့ကတော့ ” မဲင်းကျေးရွာ – မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကလေး (၇)လသားအရွယ်သေဆုံး (18/June/2021) အမည် – ခွီရှိန်းဘူနိန် အသက် – (၇)လ သေဆုံးခြင်း အကြောင်းအရင်း – စစ်ဘေးရှောင်ပြေးရင်း အအေးမိ ဖျားနာပြီး သေဆုံးခြင်း ( ကုသရန် ဆေးဝါး မရရှိနိုင်၍ သေဆုံးရခြင်း) “ဆိုပြီး ထုတ်ပြန်ထားခဲ့ပါတယ်။