ကယားပြည်နယ်က လူငယ်လေးတွေ တီထွင်ထားတဲ့ လက်နက်အား အဝေးရောက်အောင် ကြိုးစားပစ်နေကြတဲ့

အောက်ဆုံးတွင်videoပါသည်….

 

လူငယ်လေးတွေကတော့ တော်လှန်ရေးတိုက်ပွဲအတွက် လွတ်မြောက်နယ်မြေများတွင် ကြိုးစားပြင်ဆင်နေကြတာဖြစ်ပါတယ်။ တိုက်ပွဲများတွင်လည်း အထိအခိုက် ကျဆုံးမှုနည်းအောင် တိုက်ခိုက်ချေမှုန်းနေကြတာကို မြင်တွေ့ရတာ ပြည်သူတွေအတွက် အားတက်စရာကောင်းလှပါတယ်။ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက တကယ်ကိုအားရဝမ်းသာစရာကောင်းလွန်းပါတယ်။

တောထဲမှာ နေထိုင်ရတဲ့ အတွေ့အကြုံတွေကိုလည်း ပြည်သူလူထုတွေသိရှိရအောင် လူမှုကွန်ယက်များမှတစ်ဆင့်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

 

ကယားပြည်နယ်ရှိ KPDF လူငယ်လေးတွေကလည်း သူတို့ရဲ့ တီထွင်မှုအသစ်တွေကို မကြာသေးခင် ရက်ပိုင်းလောက်က ချပြထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူတို့ကိုယ်တိုင် ကြိုးစားတီထွင်ထားကြတဲ့ လက်နက်ကြီးကို အဝေးသို့ရောက်အောင် ကြိုးစားပစ်နေကြတဲ့ ဗီဒီယိုဖိုင်လေး ဖြစ်ပါတယ်။

 

ဒီဗီဒီယိုဖိုင်လေးဟာ လူမှုကွန်ယက်တွင် အတော်လေးကို နာမည်ကြီးနေပြီး လူငယ်လေးတွေရဲ့ အားထုတ်ကြိုးစားမှုတွေကို ဝမ်းသာဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။

အန္တရာယ်များလွန်းတဲ့အတွက် ဂရုတစိုက်နဲ့ စမ်းသပ်ပြုလုပ်ကြဖို့ပြည်သူတွေက comment များ ရေးသားထားကြတာကိုလည်း မြင်တွေ့ရပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်စေရန်အတွက် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Videoကြည့်ရန်