လွန်ခဲ့တဲ့ (၂)နှစ်က ပျော်ရွှင်ကြည်နူးဖွယ် မွေးနေ့ကျင်းပခဲ့တဲ့ အမေစုရဲ့ဗီဒီယိုလေး

အောက်ဆုံးတွင်videoပါသည်…

ဒီနေ့ကတော့ ပြည်သူတွေအားလုံး လေးစားချစ်ခင်ကြရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရက်မြတ်ဖြစ်ပါတယ်။

 

အရင်နှစ်တွေကတော့ သူမကိုချစ်ခင်လေးစားကြသူများနဲ့ မွေးနေ့ပွဲကျင်းပခဲ့ကြပြီး ဒီနှစ်ကတော့ အခြေအနေအရပ်ရပ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်တဲ့အတွက် ပြည်သူတွေကဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့အထိမ်းအမှတ်အဖြစ် အားလုံးက ၁၉ဇွန်_ပန်းသပိတ်ကို ပါဝင်ဆင်နွှဲကြမှာ ဖြစ်ပါတယ်။

ဒီနေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံခေါင်းဆောင်များ၊ ရဟန်းရှင်လူကျောင်းသားပြည်သူများ အပါအဝင် ထောင်နဲ့ချီတဲ့ နိုင်ငံရေးသမားများ ဂုဏ်ပြုလေးစား ၊အသိအမှတ်ပြု အောက်မေ့သောအားဖြင့်ပြည်သူလူထုအားလုံး ပန်းသပိတ်ကို ပါဝင်ဆင်နွှဲကြမှာ ဖြစ်ပါတယ်။

 

အမေစုဟာ သူမရဲ့ ဦးခေါင်းထက်မှာ ပန်းလေးတွေကို အမြဲတမ်းပန်ဆင်တတ်သူဆိုတာကို တစ်ကမ္ဘာလုံးက သိနေတဲ့အတွက် ဒီအစီအစဉ်ကို ပြုလုပ်ကြတာဖြစ်ပါတယ်။


သူမကို လေးစားချစ်ခင်ကြသူတွေအားလုံးကလည်း သူတို့ရဲ့လူမှုကွန်ယက်များမှတစ်ဆင့် အမေစုအမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

 

တစ်ချို့ကလည်း လွန်ခဲ့တဲ့နှစ်တွေက အမေစုမွေးနေ့ကျင်းပခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ဓာတ်ပုံတွေကို ပြန်လည်ဝေမျှပြီး အရင်လို အပြုံးလေးတွေနဲ့ ပြန်မြင်ချင်ကြကြောင်း စိတ်မကောင်းစွာ ရေးသားထားကြတာကိုလည်း မြင်တွေ့ရပါတယ်

အခုဝေမျှပေးမယ့် ဗီဒီယိုဖိုင်လေးကတော့ လွန်ခဲ့တဲ့ (၂)နှစ်က အမေစုကိုယ်တိုင် Happy Birthday သီချင်းကိုကိုယ်တိုင်သီဆိုပြီး ကျင်းပခဲ့တဲ့ မွေးနေ့ဗီဒီယိုဖိုင် ဖြစ်ပါတယ်။ နေကောင်းကျန်းမာပြီး အနှောင်အဖွဲ့တွေဆီက အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Videoကြည့်ရန်