စာရွက်တစ်ရွက်ကို ကတ်ကြေးနဲ့ညှပ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ အမေစုပုံ ဖန်တီးပြလိုက်တဲ့ G Z လူငယ်လေး

ယနေ့ ဇွန်လ (၁၉)ရက်နေ့ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပဲ ဖြစ်ပါတယ် ။

 

ဒီနေ့မှာပဲ အသက် (၇၆)နှစ်ပြည့်သွားပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြည်သူတွေက မွေးနေ့ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ အမေစု ကျန်းကျန်းမာမာရှိနေဖို့နဲ့ အမြန်ဆုံးလွတ်မြောက်စေဖို့အတွက် ဆုတောင်းမေတ္တာပို့သပေးနေကြတာလည်း ဖြစ်ပါတယ် ။

 

ပြည်သူတွေက အမေစုရဲ့မွေးနေ့အမှတ်အရအဖြစ် ပန်းတွေပန်ဆင်ပြီး ပန်းသပိတ်ကိုလည်း ဆင်နွှဲနေကြတာ ဖြစ်ပါတယ် ။

အခုလည်း လူငယ်တစ်ယောက်က အမေစုရဲ့ပုံတူကို သူများတွေနဲ့မတူအောင် ထူးထူးခြားခြား ဖန်တီးပြလိုက်တာ ဖြစ်ပါတယ် ။ အဲ့ဒီလူငယ်လေးက စာရွက်ကို ကတ်ကြေးနဲ့ညှပ်ပြီး မိနစ်ပိုင်းအတွင်းမှာတင် အမေစုရဲ့ပုံပေါ်လာအောင် လုပ်ပြလိုက်တာပဲ ဖြစ်ပါတယ် ။

 

အမေစုရဲ့မွေးနေ့မှာ ထူးထူးခြားခြား ဂုဏ်ပြုထားတဲ့ ဒီလူငယ်လေးရဲ့လက်ရာကို ပြည်သူတွေကလည်း သဘောကျနှစ်သက်နေကြတာ ဖြစ်ပါတယ် ။

 

အခုဆိုရင် သူ့ရဲ့ဗီဒီယိုက နာရီပိုင်းအတွင်းမှာတင် ကြည့်ရှုသူအများအပြားရရှိပြီး ပြည်သူတွေရဲ့စိတ်ဝင်စားခြင်းခံနေရတာ ဖြစ်ပါတယ် ။ အမေစုရဲ့ပုံတူကို စာရွက်တစ်ရွက်နဲ့ပဲ ကြိုးစားပမ်းစား ပုံဖော်ပြခဲ့တဲ့ Gen Z လူငယ်လေးရဲ့ဗီဒီယိုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။