ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကိုတောင် ဂရုမစိုက်တဲ့အချိုး ချိုးပြလိုက်တဲ့ မအလ

ကုလသမဂ္ဂ အထွေထွေညီလာခံကနေ မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောက်အောင် ဟန့်တားဖို့ တောင်းဆိုထားပြီး ဖေဖော်ဝါရီလ ထဲ စစ်တပ်အာဏာ သိမ်းခဲ့တာကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပယ်ချလိုက် ပါတယ်။ကုလသမဂ္ဂ ရဲ့ လိုက်နာစရာမလိုတဲ့….

 

သောကြာနေ့က မဲခွဲအတည်ပြုလိုက်တဲ့ ဒီဆုံးဖြတ်ချက်ဟာ တဖက်သတ်စွပ်စွဲမှုတွေနဲ့ လွဲမှားစွာ ကောက် ချက်ချထားတာတွေ အပေါ် အခြေခံထားတာဖြစ်ကြေ ာင်း စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကန့်ကွက်စာတွေကို ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်နဲ့ ကုလသမဂ္ ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌဆီ…ပေးပို့ခဲ့ကြောင်းလည်း ရေးသားထားပါတယ်။

 

အခု အ တည်ပြုခဲ့တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အရ ပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်ကို နိုင်ငံတကာက ကျ ယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုကို ထင်ဟပ်နေတာဖြစ်ပြီး ဆန္ဒပြ ပြည်သူတွေအပေါ် အင်အားအလွန် အကျွံသုံး…နှိမ်နင်းတာကို ရှုတ်ချထားသလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ဖော်ဆောင်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

 


ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းထားသူအားလုံးကို ချွင်းချ က်မရှိ အမြန်ပြန်လွှတ်ပေးဖို့ပါ တောင်းဆိုထားတာပါ။မြန်မာကို အဓိက စစ်လက်နက်တင်ပို့နေတဲ့….နိုင်ငံတနိုင်ငံဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံကပဲ ကန့်ကွက်ပြီး နိုင်ငံပေါင်း ၁၁၉ နိုင်ငံရဲ့ ထောက်ခံမှုနဲ့ အတည်ပြုခဲ့တဲ့ ဒီဆုံးဖြတ်ချက် အတွ က် အိမ် နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ရုရှား အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက မဲမပေးဘဲ နေခဲ့တာ ဖြစ်ပါတယ်။

 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စာ းလှယ် ဦးကျော်မိုးထွန်းက …သောကြာနေ့က အထွေထွေညီလာခံမှာ ပြောကြားရာမှာတော့ စစ်အာဏာသိမ်းမှု အမြန်အဆုံးသတ်ရေး အ တွက် နိုင်ငံတကာ အ သိုင်း အဝိုင် းက အပြင်းထန်ဆုံး နည်းလမ်းတွေနဲ့ လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့တာပါ။စစ်ကောင်စီက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဦးကျော်မိုးထွန်းကို ဒီရာထူး ကနေ ဖယ်ရှားခဲ့ပြီး….နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ် ကြောင်းနဲ့ အခုလို ကုလသမဂ္ဂ အထွေထွေညီလာခံကို သူတက်ရောက် တာဟာ တရား မဝင် ကြောင်းနဲ့ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။

 


ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့နဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့….ဘယ်ကြိုးပမ်းချက်ကိုမဆို လက်မခံကြောင်းလည်း ဖော်ပြထားပါတယ်။သောကြာနေ့က အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်ကို မဲမခွဲခင် အစောပိုင်းမှာလည်း ကုလသ မဂ္ဂ လုံခြုံရေးကောင် စီမှာ မြန်မာ့အရေး ဆွေးနွေးခဲ့ ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စာ းလှယ် Christine Schraner Burgener က တော့ မြန်မာ့အရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီထက်ပို ပူးပေါင်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။…