ရှိစုမဲ့စုအိမ်လေးက မီးထဲပါသွားတာကြောင့် သေသွားတာမှကောင်းသေးတယ်ဆိုပြီး ငိုကြွေးနေတဲ့ ပြည်သူတစ်ဦး

အောက်ဆုံးတွင်videoပါသည်…….

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကတော့ ပြီးခဲ့တဲ့ဇွန်လ (၁၅) ရက်နေ့မှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။

တစ်ရွာလုံးနီးပါး မီးလောင်တိုက်သွင်းခံရတာကြောင့် ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။အခုဆိုရင် ရွာသူရွာသားတွေခမျာ သူတို့ရဲ့အိမ်လေးတွေ မီးထဲပါသွားတာကြောင့် အရမ်းဒုက္ခရောက်နေကြတာ ဖြစ်ပါတယ် ။

 

ကင်းမရွာမှာနေထိုင်တဲ့ ပြည်သူအများစုကတော့ လယ်လုပ်ငန်း၊ တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်ကြပြီး သာမန်လက်လုပ်လက်စားပြည်သူတွေလည်း ရှိပါတယ်။အခုလည်း ကင်းမရွာက ပြည်သူတစ်ဦးက သူမတို့အိမ်လေး မီးထဲပါသွားတဲ့အတွက် ရင်ကွဲမတက် ခံစားနေရတာ ဖြစ်ပါတယ် ။

 

သူမကတော့ လက်လုပ်လက်စားပြည်သူတစ်ယောက်သာဖြစ်ပြီး ခင်ပွန်းသည်နဲ့အတူ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာပဲ ဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးကတော့ မီးလောင်ပျက်စီးပြီး ပြာပုံဖြစ်သွားတဲ့ သူမတို့အိမ်လေးကိုကြည့်ရင်း ဝမ်းနည်းပက်လက် ငိုကြွေးနေတာလည်း ဖြစ်ပါတယ်

ရှိစုမဲ့စုလေးတွေပါသွားတဲ့အပြင် မီးလောင်တဲ့အချိန်မှာ ဘာပစ္စည်းမှယူလို့မရခဲ့တာကြောင့် သူမတို့မိသားစုခမျာ ဘဝအသစ်ပြန်စဖို့တောင် မလွယ်ကူတော့တာ ဖြစ်ပါတယ် ။ဒါကြောင့် သေသွားတာမှ ကောင်းပါသေးတယ်ဆိုပြီး ငိုကြွေးနေတဲ့ သူမရဲ့အသံက ပြည်သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။

 

Videoကြည့်ရန်……