မင်္ဂလာဖိတ်စာသွား​ေ၀ရာ စစ်တပ်ကြောင့်အဖြစ်ဆိုးသွားခဲ့ရတဲ့ သတို့သားလောင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့ ညပိုင်း မင်္ဂလာဆောင် ဖိတ်စာ သွားဖိတ်သည့် သတို့သားလောင်း ကိုကျော်ကျော်မျိုးသည် စစ်ကောင်စီ တပ်များ၏ ပ စ်ခ တ်မှုကြောင့် ကွယ်လွန်သွားခဲ့ပြီး လက်ရှိအချိန်တွင် မိသားစုထံ အ လေ ာင်းပြန်ရောက်လာပြီဖြစ်သည်။

 

 

စဉ့်ကူးမြို့နယ်၊ လက်ပန်လှအုပ်စု၊ ငြိမ်းချမ်းအောင်ရပ်ကွက်နေ ဦးကျော်ထွေးနှင့်ဒေါ်မိုးမိုးအေးတို့၏ သားဖြစ်သူ ကိုကျော်ကျော်မျိုးသည် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်အတူ ယမန်နေ့ညပိုင်း မင်္ဂလာဆောင်ဖိတ်စာများ သွားရောက်ဝေငှကြကြောင်း၊

 

လက်ပန်လှကျောင်းရှေ့ အရောက်တွင် စစ်ကောင်စီတပ်များက ပ စ် ခ တ် သဖြင့် ကိုကျော်ကျော်မျိုးသည် နေရာတွင် ပွဲချင်းပြီး အဖော်လိုက်ပါလာသူ သူငယ်ချင်းကို စစ်ကောင်စီတပ်များက ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။

 

“ဒီလ ၂၄ ရက်နေ့ သူ့မင်္ဂလာဆောင်အတွက် ဖိတ်စာလိုက်ဝေတာပါ။ အဲဒါ ည ၉ နာရီ စစ်တပ်က သူတို့ စခန်းချထားတဲ့ ကျောင်းရှေ့က ဖြတ်လို့ဆိုပြီး ဆိုင်ကယ်ကို လှမ်းပ စ်တာ။ နေရာမှာပဲပွဲချင်းပြီးတယ်။ သူ့သူငယ်ချင်းက မထိဘူး။ အဲဒါလည်း ရိုက်နှက်ပြီး ဖမ်းသွားတယ်။ အခု အ လေ ာင်းထုတ်ခွင့်မပေးဘူး။ တစ်ခါတည်း သဂြိုလ်ခိုင်းမယ်ထင်တယ်။

 

အခု သူ့နာရေး ယပ်တောင်တွေ ဘာတွေ သွားလုပ်နေပြီ။ သူ့ မင်္ဂလာဆောင် ဖိတ်စာလုပ်ခဲ့တဲ့ ဆိုင်မှာပဲ နာရေး ယပ်တောင်သွားလုပ်ရတယ်။ အဖြစ်ဆိုးတယ်” ဟု မိသားစုဝင်များနှင့်နီးစပ်သူ မိတ်ဆွေက ရှင်းပြသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စဉ့်ကူးဒေသခံများက စစ်တပ်၏ ရမ်းကားမှုကို မကျေနပ်ကြဘဲ လူငယ်တစ်ဦး၏ အသက် မ သေ ဆုံးသင့်ဘဲ ​ေ သ ရသည်ဟုဆိုကြသည်။

 

“မသင်္ကာရင်လည်း ဗျာ ဖမ်းပြီးစစ်ဆေးပေါ့။ အခုဟာက ဘာမှ မပြောဘဲ ဖြတ်သွားတဲ့ ဆိုင်ကယ်ကို လှမ်းပစ်တာကြီးက အတော်ကြီး လွန်တယ်။ ဒီကောင်လေးက ရည်ရည်မွန်မွန် လူချစ်လူခင်လည်းပေါတယ်။ သူ့မင်္ဂလာဆောင်အတွက် သူပျော်နေတာဗျာ။ ဖိတ်စာတွေ လိုက်ဖိတ်ပြီး သူ့ မင်္ဂလာဆောင် လာနော်။ မလာရင်စိတ်ဆိုးမှာလို့တောင် နောက်နေသေးတယ်။ ပြည်သူ့ဘဝတွေက မလုံခြုံလိုက်တာ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။