မန္တလေးမှာ အပြန်အလှန် ပ စ် ခ တ် မှုဖြစ်ပွားနေ (ရုပ်သံ)

အောက်ဆုံးတွင်videoပါသည်…

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၄ လမ်း၊ ၁၁၁ လမ်း နဲ့ ၁၁၂ လမ်းဘက်မှာ ဇွန်လ ၂၂ ရက် မနက် ၈ နာရီလောက်က စပြီး ပ စ်ခ တ်မှုတွေဖြစ်နေတယ်လို့ ကနဦး သိရပါတယ်။ပ စ်ခ တ်မှု စတင်တုန်းက စစ်ကောင်စီရဲ့ အဖွဲ့တွေ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး တရစပ် ပ စ်ခ တ်တာတွေ လုပ်ကြတယ်လို့ ပတ်ဝန်းကျင်မှာ နေထိုင်သူ တချို့က ပြောပါတယ်။

 

“ဆက်တိုက်ပဲ ။ အပြန်အလှန်ပ စ်တဲ့ ပုံပဲ။ ဗံ ုးပေါက်တာတွေလည်း ကြားရတယ်။ ဘယ်ကနေ စဖြစ်တာလဲ မသိရသေးဘူး။ PDF နဲ့ ပစ်တာလို့လည်း ပြောနေကြတယ်။ အစက အရပ်ဝတ်တွေနဲ့တင် လာကြတာ မကြာဘူး။ စစ်ကားသုံးလေးစီးလည်း ရောက်လာတယ်။” လို့ ဖြစ်တဲ့ အနီးအနားနေသူ တစ်ဦး က ဆိုပါတယ်။

 

မန္တလေး PDF အနေနဲ့ ဒီနေ့စတင်တိုက်ပါပြီ ဆိုပြီးတော့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။အပြန်အလှန်ပ စ်ခ တ်တဲ့ အခြေအနေကြောင့် ထိခိုက်မှုတွေ ရှိပေမယ့် အတည်ပြု နိုင်တာတော့ မရှိသေးပါဘူး။ ဖြစ်စဉ်ကို အသေးစိတ် ထပ်မံတင်ပြသွားပါမယ်။

 

videoကြည့်ရန်