မန္တလေး အခြေအနေ ရှုပ်ထွေးနေပြီး စစ်တပ်က ရမ်းကားပ စ်ခ တ်မှုများ ပြုလုပ်နေ

မန္တလေးမြို့ ယနေ့ နံနက်ပိုင်း PDF ပျောက်ကျားတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များက ပ စ် ခ တ်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီက အင်အားများ တိုးချလာပြီး ရမ်းကားပ စ် ခ တ်ခြင်း များလုပ်ဆောင်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

 

“အခုက သူတို့စစ်ကားတွေ လမ်းပေါ်က ဖြတ်သွားရင် ပ စ်သွားတယ်။ အပြန်အလှန်ပ စ်တာမျိုးမဟုတ်ဘူး။ သူတို့က ပ စ်တာ။စိန်ပန်းဘက်မှာလည်း ပ စ်တယ်။ မည်းမည်းမြင်ရာ ပ စ်နေတာ။ ကျနော်တို့တွေလည်း အပြင်မထွက်ရဲဘူး။ သူတို့ဘက်ကတော့ ရှိသမျှ အင်အားအကုန်တိုးချနေတာထင်တယ်။ ဗံ ုးကွဲတာတွေလည်းကြားရတယ်။

 

အမှတ် ၉ ရဲစခန်းနား ကွဲတယ်။ ပြည်ကြီးတံခွန်ဘက်မှာ ကွဲတယ်။ အခြေအနေက အတော်ရှုပ်ထွေးတယ်။ စစ်တပ်ကလည်း အရပ်သား ပြည်သူရယ် ဘာရယ် မဟုတ်ဘူး မြင်သမျှ အကုန် ပ စ်ခ တ်နေတယ်” ဟု မန္တလေး ဒေသခံတစ်ဦးက ပြောဆိုသည်။

 

စစ်​ကောင်စီတပ်များသည် အရပ်ဝတ်များဖြင့် ရပ်ကွက်များတွင် ​နေရာယူမှုများရှိသဖြင့် ​ရော​ထွေး​နေ​ကြောင်း မြို့ခံတချို့က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ၏ သံချပ်ကားများက မြို့ပေါ်တွင် ကင်းလှည့်လျက်ရှိနေသည်ကို တွေ့မြင်ရသည်။