” ပြာယာမခတ်ကြနဲ့”

နွားကလေး…သေတော့ “အမဲသား”တဲ့။
ကြိုက်တဲ့ “လူ” များ…မြိန်ရည်ရှက်ရည် စားလိုက်ကြတာ။

ကြက်ကလေး…သေတော့ “ကြက်သား”
ပါးစပ်ထဲထည့်….ပြုံးပျော်လျှက်။

 

ဝက်ကလေး…..သေတော့ “ဝက်သား” ပါးစပ်ထဲထည့် …..ကြည်နူးလျှက်။

လူကလေး…သေတော့……”မသာ” အခေါင်းထဲထည့်…… ငိုယိုလျှက်ထားလို့မကောင်းဘူး….ဟဲ့။အလုပ်ပိုတယ်…..အိမ်ရှုပ်တယ်။သင်္ချီုင်း…အမြန်ပို့ ကွယ်…..။

“အသုဘ” ရှိက. .အိမ်ပူတယ်။မသာ…အိမ်ပေါ်က…မဆင်းခင်ဖိတ်စာရိုက်….အသိမိတ်ဆွေလက်လှမ်းမှီသလောက်ပေးလိုက်။မြန်မြန်ပြီး ..မြန်မြန်နားအေးတယ်။ပုတ်ပွလာမှ…”လူ”တွေ မလာပဲ နေအုံးမယ်..။အဲဒါမှ….ဒုက္ခပိုများမယ်တဲ့။

 

ကဲ…ဘယ်မှာလဲတန်ဖိုးရှိတယ်ဆိုတဲ့….”လူသား”ပညာတွေ…. ငါဘယ်လောက်တတ်တယ်။ပိုက်ဆံတွေ….ငါဘယ်လောက်ချမ်းသာတယ်။အာဏာတွေ…ငါ့မှာ ဘယ်လောက်ရှိတယ်။မာန်တတ်နေကြတာတွေ….အာဏာပြနေတာတွေနောက်ဆုံးတော့…..
ဘာအသုံးဝင်တော့…..သေးလဲ…?

ငါ့…အိမ်။ ငါ့…ခြံ။ ငါ့….တိုက်။ ငါ့….လုပ်ငန်း။ငါဟာ…သခင်။ ငါဟာ…ဘုရင်ဘဲ ဆိုတဲ့လူသား……..အခုတော့ယူသွားဖို့….နေနေ သာသာအိမ်ပူ…..အလုပ်ရှုပ်ကျက်သရေ…….မရှိတော့တဲ့
အသုဘ(မသာ)ဆိုပြီးသမုတ်ခံရတာလွဲလို့….ဘာတွေများတန်ဖိုးရှိသေးလို့လဲ….?

 

နောက်ဆုံးတာ့လဲ…….အုတ်ဂူလေးတောင်…..ထားမရတဲ့ခေတ်မှာခဏတာ မြင်တွေ့ရတဲ့….ခေါင်းတိုင်အပေါ်က…မီးခိုးပျောက်ကွယ်တာနဲ့ဘာမှသုံးစားမရတဲ့ ပြာပုံ ဖြစ်သွားရော……
တန်ဖိုးရှိပါတယ်ဆိုတဲ့….လူသားဘဝနိဂုံးချုပ်ရတာက…”ပြာပုံ”လေးပဲမဟုတ်လား…?

 

ကဲ……နောက်ဆုံး “ပြာ”ဖြစ်မဲ့အတူတူဘာလို….”ပြာယာခတ်”နေကြ အုံးမှာလဲ…..။