ပုံလေးတစ်ပုံကြောင့် တစ်ဖွဲ့ဆုံးခဲ့ရတဲ့ ယနေ့မန္တလေးအထိနာခဲ့ရတဲ့အဓိကအကြောင်းအရင်း

”ပုံလေးတစ်ပုံကြောင့် တစ်ဖွဲ့ဆုံးရခြင်း”

လူငယ်မျိုးဆက်သစ်တွေကတော့ ခုဆို သူတို့ရဲ့ တက်သစ်စ ဘဝတွေကိုရင်းပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် သက်ဆိုင်ရာ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထဲ ဝင်ရောက်လျက်ရှိတာ တွေ့ရပါတယ် ။ သူတို့ရဲ့ အသက်တွေ မိသားစုတွေကို စွန့်လွှတ်ပြီး တော်လှန်ရေးကြီး အောင်မြင်ဖို့ အတွက် ပါဝင်ခုခံ တိုက်ခိုက်ပေးနေကြတာ ဖြစ်ပါတယ် ။

 

ခုဆိုရင် နေရာတိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတာကို တွေ့ရပါတယ် ။ ယနေ့ ဇွန်လ (၂၂) ရက်နေ့မှာလည်း အာဏာရှင် လူတစ်စုနဲ့ မန္တလေးက PDF တွေ တစ်ဖက်နဲ့တစ်ဖက် ပ စ်ခ တ်မှုတွေ ဖြစ်ပွားခဲ့ပါတယ် ။ တစ်ဖက်ကလည်း သံချပ်ကာ ကားတွေ အပြင် အင်အားများစွာသုံးကာ လုံခြုံရေး တောက်လျှောက် လှည့်နေသလို ဒေသခံတွေကလည်း PDF လေးတွေ လွတ်ကင်းဖို့ အတွက် ဝိုင်းဝန်းပြီး လမ်းမတွေမှာ တာယာတွေ မီးရှို့ကာ ထကြွပေးခဲ့ကြပါတယ် ။

 


သတင်းပေးဒလန်တွေရဲ့ယုတ်မာမှုကြောင့် မန္တလေး PDF အဖွဲ့ကို ခြေရာခံမိသွားပြီး ဝင်ရောက်စီးနင်းမှု ကြောင့် PDF တွေအနေနဲ့ မတတ်သာတဲ့အဆုံး ပြန်လည်ခုခံရတဲ့အခြေအနေ တစ်ရပ်မှာ မန္တလေးက ပြည်သူတွေအနေနဲ့လည်း ပါဝင်အုံကြွပေးဖို့လိုအပ်ပါတယ်။ လမ်းပိတ်တာတွေအပြင် လမ်းပေါ်မှာ တာယာတွေမီးရှို့ပြီး စစ်ကောင်စီတပ်တွေလာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ပေးဖို့လိုအပ်ပါတယ်။ ဒီလိုအဖက်ဖက်က ကူညီမှုတွေရှိမှသာ ခုခံမှုအဆင်ပြေပြီး အောင်မြင်စွာဆုတ်ခွာနိုင်မှာပါ။ မန္တလေးရဲ့တစ်ချို့နေရာတွေမှာတော့ တာယာမီးရှို့ပြီး လမ်းမပေါ်ချထားတာတွေလည်းရှိနေခဲ့ပါတယ်။

 

တိုက်ပွဲကို မျက်မြင်ကြုံရတဲ့ တစ်ချို့ပြည်သူတွေဟာလည်း ဘယ်လိုတိုက်ပွဲဖြစ်နေတယ်ဆိုတာကို ပြချင်တဲ့ဇောနဲ့ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတွေယူပြီး လူမှုကွန်ယက်ပေါ်မှာ ဝေမျှကြပါတယ်။ အမှန်တော့ ဒီလုပ်ရပ်ဟာ ကိုယ့်လူကိုယ် အသေသ တ်သလိုပါပဲ။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပြီး တိုက်ပွဲဝင်နေကြသူတွေရဲ့တည်နေရာနဲ့ မှတ်တမ်းဓာတ်ပုံတွေဟာ စစ်ကောင်စီတပ်တွေခြေရာခံနိုင်စရာအကြောင်းတစ်ခုဖြစ်သွားမှာပါ။

 

ဒီပုံက Apex တိုက်ပေါ်က PDF တွေကို စခ တွေက တိုက်ခိုက်မှုတွေ မပြုလုပ်ခင် “၁၅”မိနစ်အလိုဖြစ်ပါတယ်။တိုက်ပေါ်မှာရပ်နေတာကတော့ PDF ပါ။(MDY PDF မြို့ပြပျောက်ကြားတာဝန်ခံ MyanmarNow interview မှ)

 

မဖြစ်ခင် ၁၅ မိနစ်လောက်က ကျွန်တော်ကိုယ်တိုင် post မြင်လိုက်ပါတယ် ။“မနော်ဘက် မှာ အရင်ကတည်းက စခ တွေက တိုက်ပေါ်တက်ပစ် တဲ့ အကျင့်ရှိပါတယ် သူ့လူ ကိုယ့်လူ မခွဲနိုင်ဖြစ်ပြီး post တင်တဲ့ သူက တင်လိုက်ရော” အဲ့တော့ ၁၅ မိနစ်အတွင်း စခ တွေက နေရာအတိအကျ သိသွားပြီး ရှေ့ပြေး တွေ ဘာတွေနဲ့ စစ်။PDF မှန်းသိတော့ မြို့ထဲက စစ်ကူတွေခေါ်။မနော်လမ်းပေါ် ဟွန်းတွေတီးပီး အစီးလိုက်တွေ ရောက်ချလာ။အဲ့မှာ စပ စ်ကျ။နောက်တော့ စခ က RPG နဲ့ ဆော်လိုက်တော့ PDF တွေ အထိနာသွားရော။အဲ့မှာ PDF ဗိုလ်ကိုယ်တိုင် အပ စ်ခ တ်တွေရပ်ပြီး ငြိမ်ခံနေဖို့ အမိန့်ပေးရရော။အဲ့တာနဲ့ဘဲ စခန်းတစ်ခု လက်လွတ်လိုက်ရပြီး PDF တွေ ဖမ်းခံရရော။

၄ နာရီကြာပစ်ခတ်မှုတွေကို ဒီဓာတ်ပုံလေးက အစပြုခဲ့တာပါ။ဘယ်သူမှားတယ် မှန်တယ် မပြောလိုပါဘူး။အားလုံး သတိရှိနိုင်ကြဖို့ပါ။ (Fighting ပြည်သူနဲ့ PDF တို့)

ဒါကြောင့်လည်း မန္တလေး PDF ခေါင်းဆောင်ဟာ ” ကျွန်တော်တို့ရဲ့ ပြောက်ကျားတပ်ခွဲတစ်ခု ဝင်စီးခံရခြင်းနှင့်အတူ စကစ အပြန်အလှန်တိုက်ခိုက်မှုတွင် မန္တလေးပြည်သူတွေရဲ့အကူအညီကို များစွာလိုအပ်ပါသည်။ အခြား PDF တပ်ခွဲများမှ စီးနင်းခံရသော PDF နေရာသို့ ဝင်ရောက်ကူညီ ပစ်ခတ်ခြင်း တပ်ကူပေးခြင်းများအား မိဘပြည်သူများအနေနှင့် ဓာတ်ပုံ & video ရိုက်ကူးထားပါက ကျွန်တော်တို့ PDF-Mdy ၏ လုံခြုံရေးကိုကူညီသော အားဖြင့် Social Media ပေါ်တင်ခြင်း မျှဝေခြင်း မပြုလုပ်ပါရန် လေးစားစွာမေတ္တာရပ်ခံ အပ်ပါသည်။ ဗိုလ်ဇီးကွက် (ချေမှုန်းရေးခေါင်းဆောင်) ” ဆိုပြီး သူတို့ရဲ့လှုပ်ရှားမှုနဲ့ တည်နေရာကို မဖော်ပြဖို့ မန္တလေးက ပြည်သူလူထုကို မေတ္တာရပ်ခံတဲ့စာတစ်စောင် ဝေမျှခဲ့ပါတယ်။

 

ပြည်သူအားလုံးအတွက် အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပေးနေသူတွေရဲ့ လုံခြုံရေးကို ပြည်သူအားလုံးစောင့်ရှောက်ပေးရမှာပါ။ ကိုယ်မြင်ခဲ့လို့ မှတ်တမ်းတင်ချင်ရင်တောင် မှတ်တမ်းသပ်သပ်ပဲ တင်ပြီး လူမှုကွန်ယက်ပေါ်မဝေမျှသင့်ပါဘူး။ ပြည်သူ့ရဲဘော်တွေရဲ့လုံခြုံရေးဟာ ပြည်သူတွေရဲ့လက်ထဲမှာ ဖြစ်လို့ အားလုံးဝိုင်းဝန်း စောင့်ရှောက်ပေးကြရမှာပါ။ ပြည်သူ့ရဲဘော်တွေအားလုံးဘေးကင်းပြီး ပြည်သူတစ်ရပ်လုံး လိုလားတောင့်တတဲ့ စစ်မှန်သောဒီမိုကရေစီကို အရယူပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်