မြ၀တီမှာ လူ​ေ သ ဆုံး မှုဖြစ်ပြီးနောက် လူငယ်မှန်သမျှ ဖမ်းဆီးခံနေရ

 

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ် ၂ ရပ်ကွက်၊ မြို့ပတ်လမ်းတွင် ဆယ်အိမ်မှူး တစ်ဦးဖြစ်သူ ဦးသန်းဌေးသည် ယနေ့ နံနက်ပိုင်းတွင် ပ စ်ခ တ်ခံရပြီး ​ေ သ ဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

 

 

မြ၀တီမြို့ခံတစ်ဦးကလည်း “ကျနော်တို့လည်း ရဲနဲ့စစ်ခွေးတွေရှိနေတော့ သွားဖြတ်ပြီး မကြည့်ရဲဘူ။း မြဝတီဆိုတော့သိတဲ့အတိုင်းပဲ ကားလည်းဖမ်း၊ ဆိုင်ကယ်လည်း ဖမ်းနဲ့ ဒီမှာက ဒလန်ခပ်ပေါပေါရယ်။ ​ေ သ လား မ ​ေ သလား သေချာမသိသေးဘူး” ဟု ပြောဆိုသည်။

 

အခြားမြ၀တီမြို့တစ်ခံတစ်ဦးကမူ ဒိုင်းညွန့်သံ ၄ချက် လောက်ကြားရတယ်။၂ ချက်ထိသွားတယ်။ အိမ်အထဲထိ ဝင်ပ စ် တာ” ဟုဆိုသည်။

လက်ရှိတွင် ယင်းအနီးအနားပတ်ဝန်းကျင်ရှိ လူငယ်များကို လိုက်လံဖမ်းဆီးနေရာ လူငယ်တချို့ ဖမ်းဆီးခံရပြီး အလုပ်သွားမည့် အလုပ်သမားများလည်း ထွက်ပြေးနေကြရကြောင်း ဒေသခံများက ဆိုသည်။

 

ဦးသန်းဌေးသည် ဆယ်အိမ်မှူးတာဝန်ယူထားသော်လည်း အဓိကအားဖြင့် စစ်တပ်၏ သတင်းပေး အဖြစ် တာဝန်ယူပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများနှင့် လက်နက်ကိုင်အဖွဲ့များ၏ သတင်းများကို စုံစမ်း၍ စစ်တပ်ကို သတင်းပေး ဆောင်ရွက်နေကြောင်း ဒေသခံများက ဆိုသည်။