Idiots အဖွဲ့မှ အဆိုတော် ရေမွန် ဒီမနက်ပဲ ကွယ်လွန်

Idiots အဖွဲ့မှ အဆိုတော် ရေမွန်ဟာ ယနေ့၊ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားကြောင်း ၎င်းနှင့် နီးစပ်ရာ ဂီတအသိုင်းအဝိုင်းထံမှ သိရပါတယ်။

 

Rest in Power My Bloody Brother”လို့ အဆိုတော် နိုဗန်ထူးက ရေးသား တင်ထားပြီး၊ အဆိုတော် လင်းနစ်၊ ရေဗက္ကာဝင်းနဲ့ ဇော်ခွန်တို့ကလည်း ရေမွန် ကွယ်လွန်မှုအတွက် စိတ်မကောင်းကြောင်း ရေးသား တင်ထားကြပါတယ်။

ရေမွန်ရဲ့ ညီမ လပြည့်ကဗျာက “ဖုန်းတွေ မဆက်ကြပါနဲ့ဦး။ ပြန်ဖြေဖို့ အားမရှိလို့ပါ။ တောင်းပန်ပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အသိပေးထားပါတယ်။

 

အဆိုတော် ရေမွန်ဟာ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်ကာ ကွယ်လွန်သွားတယ်လို့ ကနဦး သိရပါတယ်။