ဒလန်ကိုအရင်ရှင်းသင့်တယ်ဆိုတာ သက်သေပြနေတဲ့ဖြစ်စဥ်

ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ညနေပိုင်း က နေပြည်တော် လယ်ဝေးမြို့အမှတ် ၁ ရပ်ကွက်မှာနေထိုင်တဲ့ ကိုရဲလင်းမောင်ဆိုသူကိုမန္တလေးကပြန်လာပြီးသိပ်မကြာခင်မှာပဲ ပြည်သူ့ကာကွယ်ရေးတပ် – PDF သင်တန်းဆင်းဆိုပြီးဒလန်တဦးကသတင်းပေးတာကြောင့်စစ်ကောင်စီတပ်တွေအင်အားအလုံးအရင်းနဲ့လာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကသတင်းပို့ပါတယ်။

 

“PDF သင်တန်းဆင်းဆိုပြီး ဖမ်းဆီးခံလိုက်ရပါတယ်
မန္တလေးသွားနေတာ၃လရှိပြီတဲ့ပြန်လာတဲ့အချိန်ဒလန်သတင်းပေးလို့ရဲကားများစွာနဲ့ဖမ်းသွားတာပါ
ဖခင်ကိုလဲ၂လုံး၃လုံးမှု့နဲ့တခါထဲဆွဲသွားတယ်လို့ကြားတယ်” လို့ဒေသခံက MLN ကိုပြောပါတယ်။

 

စစ်ကောင်စီတပ်တွေက ရပ်ကွက်ထဲကလူငယ်တွေ ၃ လ​ေလာက်ပျောက်နေပြီးမှပြန်ရောက်လာရင် PDF သင်တန်းဆင်းတွေဖြစ်တဲ့အတွက် အမြန်ဆုံးအကြောင်းကြားဖို့ရပ်ကွက်တွေမှာရှိတဲ့ စစ်တပ်သတင်းပေးတွေကိုမှာကြားထားတယ်လို့လဲ MLN ကိုသတင်းပေးတဲ့ပြည်သူတဦးကပြောပါတယ်။

 

ပုံ- ဖမ်းဆီးခံထားရတဲ့ကိုရဲလင်းမောင်