ရေမွန် ကွယ်လွန်ခြင်းသည် အများသိထားသလို ငှက်ဖျားကြောင့် မဟုတ်ဘဲ

အဆိုတော် ရေမွန်သည် အစာအိမ်သွေးကြောပေါက်၍ ကွယ်လွန်ခြင်းဖြစ်ပြီး ငှက်ဖျားကြောင့် မဟုတ်သည့်အပြင် စစ်လော်ဘီများ ဖွနေသကဲ့သို့လည်း မဟုတ်ကြောင်း နိုဗန်ထူးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားပြောဆိုသည်။

 

 

“နဂိုကတည်းက ကိုတွတ်က အစားအသောက် မမှန်ခဲ့မိတာ … အိပ် သိပ်မပျော်  နေမကောင်းတာ … လေးတွေ ရှိခဲ့တယ် …အရင်နေ့တွေကလည်း အကိုက်အခဲ ပျောက်ဆေး နည်းနည်းပါးပါး သောက်နေခဲ့ရသေးတယ် ။ ဒါပေမယ့် ခုတလော နေပြန်ကောင်းနေ  အိပ်လို့လည်း ကောင် းကောင်းရတယ် ဆိုတော့ အေးဆေးပဲ ထင်နေခဲ့မိတာ ။

 

မနေ့ကတင် ဟော့ပေါ့ စားနေရင်း သတိရကြောင်း ကျွန်တော့်ကိုတောင် လှမ်း ပြောခဲ့သေးတယ် … ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း စားရင်း အခန့်မသင့်လို့ အစာအိမ် သွေးကြော ပေါက်သွားတယ် … ( ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ ) ဆရာဝန် ပြပြီးတော့ ကုသမှု ယူခဲ့သေးပေမယ့် မမီလိုက်တော့ပဲ ခုလို ဖြစ်သွားရတာပါ ။

 

လူတွေ ပြောနေသလို ငှက်ဖျား ကြောင့် ဆုံးပါးသွားရတာ မဟုတ်သလို … စစ်ခွေးတွေ ဖွနေသလို မူးရူးပြီး အချင်းချင်း ရန်ဖြစ်ရင်း အသက်ဆုံးရတာလည်း မဟုတ်ပါဘူး ။ ကောလဟာလ တွေကို အလွယ် မယုံကြဖို့နဲ့ … ကိုယ် သေချာ မသိပဲ ဖွချင်တိုင်း ဖွနေသူတွေအနေနဲ့ ဆုံးပါးသွားသူ တစ်ယောက်ကို သိက္ခာ လိုက်ချနေတာမျိုးကို ရပ်တန်းက ရပ်ဖို့ … ပြောချင်ပါတယ် ” ဟု နိုဗန်ထူးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။