မပြေးနိုင်တဲ့မိဘနှစ်ပါးကို မကယ်လိုက်နိုင်တာကြောင့် အ ရိုးလေးတွေကြည့်ပြီး ယူကြုံးမရဖြစ်နေတဲ့ ဦးလေးကြီး

 

ဒီကာလမှာတော့ ပြည်သူတွေရဲ့ အသက်၊အိုးအိမ်၊စည်းစိမ်တွေလည်း မလုံခြုံတဲ့အခြေအနေဖြစ်ပြီး တချို့တွေဆိုရင် နေထိုင်စရာအိမ်တောင်မရှိတော့တာ ဖြစ်ပါတယ်။ဇွန်လ (၁၅) ရက်နေ့ကဆိုရင် မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို မီးရှို့ဖျက်ဆီးခံလိုက်ရတာဖြစ်ပါတယ်။

 

မီးဘေးကြောင့် တစ်ရွာလုံးနီးပါး ပြာကျခဲ့ရပြီး ဒေသခံရွာသူ၊ရွာသားတွေလည်း အိမ်မရှိ၊အိုးမရှိ ဖြစ်ကုန်တာကြောင့် သောကအပူမီးတွေဝိုင်းနေတာဖြစ်ပါတယ်။ကင်းမရွာမီးလောင်မှုကြောင့် မပြေးမလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတချို့ မီးထဲပါသွားခဲ့ရတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း ကင်းမရွာလေးအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး ပြန်လည်ထူထောင်ဖို့လည်း ကူညီပေးနေကြတာဖြစ်ပါတယ်။

 

အခုဆိုရင်တော့ ဦးလေးကြီးတစ်ယောက်က မီးထဲပါသွားတဲ့ မိဘနှစ်ပါးရဲ့ အရိုးတွေကိုနာကျင်စွာနဲ့ လိုက်ပြခဲ့တာဖြစ်ပါတယ်။ဦးလေးကြီးကို လာရောက်လှူဒါန်းကြတဲ့ စေတနာရှင်တွေကလည်း ကြွင်းကျန်ရစ်တဲ့အရိုးတွေကိုကြည့်ပြီး ဝမ်းနည်းနေကြတာဖြစ်ပါတယ်။

 

ဦးလေးကြီးကလည်း မီးလောင်တဲ့ညက သေနတ်ဖောက်သံတွေဆက်တိုက်ကြားရလို့ မိဘနှစ်ပါးကို မကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။ကျန်ရစ်သူဦးလေးကြီးခမျာမှာလည်း မိဘနှစ်ပါးရဲ့အရိုးစုတွေကိုကြည့်ပြီး မျက်ရည်တွေပါကျနေရှာတာဖြစ်ပါတယ်။

 

မီးဘေးအန္တရာယ်ကြောင့် နေထိုင်စရာအိမ်လေးကို ဆုံးရှုံးလိုက်ရတဲ့အပြင် မိဘနှစ်ပါးလည်း မီးထဲပါသွားတာကြောင့် ယူကြုံးမရဖြစ်နေတဲ့ ကျန်ရစ်သူဦးလေးကြီးရဲ့ခံစားချက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။