လှိုင်သာယာမြို့နယ် အ.ထ.က (၁၀) ကျောင်းအတွင်း ဗံ ု း ပေါက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁)ရပ်ကွက် အ.ထ.က (၁၀) စာသင်ကျောင်းအတွင်း ဗံ ု းပေါက် ကွဲမှုဖြစ်ပွားကြောင်းသိရသည်။

 

ယမန်နေ့ဇွန်လ ၂၄ရက် ည ၈ နာရီအချိန်တွင် အ.ထ.က (၁၀) စာသင်ကျောင်းဝန်းအတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အနီးက ဒေသခံတစ်ဦးကပြောသည်။

“အဲ့ဒီစာသင်ကျောင်းက ကျွန်တော်တို့နဲ့အနီးလေးပဲ၊ ညဘက်အသံအကျယ်ကြီးကြားလိုက်ရတယ်၊ အုန်းခနဲပဲ၊ အိမ်တောင်တုန်သွားတာပဲ” လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောသည်။

 

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကျောင်းအဝင်ဝအနီးရှိ ခေါင်မိုးတစ်ခုပွင့်ထွက်သွားကြောင်းသိရသည်။ လူထိခိုက်​ေ သ ဆုံးမှုမရှိခဲ့ပေ။

ယင်းပေါက်ကွဲမှုမဖြစ်ခင် နံနက်ပိုင်းတွင်လည်း ၎င်းကျောင်းတွင် ဗံ ု းလန့်မှုဖြစ်ပွားခဲ့ကြောင်းသိရပြီး စစ်ကောင်စီတပ်ဖွဲ့မှလာရောက်ရှင်းလင်းသွားခဲ့ကြောင်းသိရှိရပါသည်။

 

ဗံ ု းပေါက်ကွဲမှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ယာယီလမ်းပိတ်၍ ရှာဖွေရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။