ထမင်းစားခါနီး အလှူရှင်များကို မေတ္တာပို့ကာ သစ္စာဆိုနေကြတဲ့ လွတ်မြောက်နယ်မြေက GZ လေးတွေ

အောက်ဆုံးတွင်videoပါသည်……

 

ခုဆိုရင် မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာကို တွေ့မြင်ရပါတယ် ။ PDF အဖွဲ့တွေမှာ လူငယ်မျိုးဆက်သစ်တွေ အများဆုံးပါဝင်ပြီး ကိုယ့်မြို့ ကိုယ့်ဒေသကို ကာကွယ်ဖို့ အတွက် သူတို့ရဲ့ အသက်တွေကို စတေးကာ သူတို့ ဘဝလေးတွေကို အဆုံးရှုံးခံပြီး လက်နက်ကိုင်ကာ တိုင်းပြည်နဲ့ လူမျိုး အတွက် ပါဝင်နေကြသူတွေပါ ။

 

ဒီလို အရာရာ စွန့်လွှတ်ပြီး တောထဲမှာပဲ ဘဝတွေကို ပေးဆပ်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး အစားအသောက် အနေအထိုင်က အစ ကြုံသလို စားကြရတာပါ ။ စိတ်ဓာတ်ကြံ့ခိုင်လွန်းတဲ့ လွတ်မြောက်နယ်မြေက လူငယ်လေးတွေကတော့ တကယ်ကို လေးစားစရာပါပဲနော် ။ ဒါကြောင့်လည်း ပြည်မမှာ နေထိုင်ကြတဲ့ ပြည်သူတွေက သူတို့လေးတွေ အတွက် အလှူငွေများဝိုင်းဝန်းကောက်ခံကြပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ၊ ဆေးဝါးတွေ ထောက်ပံ့လှူဒါန်းပေးနေတာဖြစ်ပါတယ် ။

 


သူတို့လေးတွေကလည်း အလှူရှင်တွေကို ကျေးဇူးတင်လို့ ထမင်းစားခါနီးတိုင်း ဆုတောင်းမေတ္တာများ ပို့သကာ သစ္စာဆိုနေတာကို ဗီဒီယိုလေးထဲမှာ တွေ့မြင်ရမှာပါ ။ ဗီဒီယိုထဲက လူငယ်လေးတွေရဲ့ ဆုတောင်း မေတ္တာပို့ပေးနေတာကို ကြည့်ပြီး ကြည်နူး ပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း သူတို့လေးတွေလည်း ဘေးအန္တရာယ်ကင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Videoကြည့်ရန်….