ကိုဗစ်က တစ်ကြော့ပြန်လာနေပါပြီ မပေါ့ကြပါနဲ့ ကလေးမှာတစ်ရက်ထဲနဲ့တောင်

ကလေးမြို့မှာ မနေ့က ဇွန် ၂၄ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်ကြောင့် ​ေ သ ဆုံးရသူပေါင်း ၁၄ဦး ဝန်း ကျင်ရှိခဲ့တယ်လို့ ကလေးမြို့ခံတွေထံကသိရပါတယ်။

 

စင်တာကနေ ဆုံးတာကတော့ ၄ဦးပါ။ ဒါပေမယ့် မြို့ထဲက ကိုယ့်အိမ်မယ်ကိုယ်နေနေသူတွေထဲက ဆုံးတာက ၁၀ ဦးလောက် ချပေးခဲ့ရတယ်လို့ ပရဟိတအဖွဲ့တွေဆီကပြန်သိရတယ်။

 

အိတ်စွပ်စင်တာမှာ လူ ၄၀၀ လောက်ဆံ့ပေမယ့် လူနာ ၂၀၀ ပဲရှိတယ်။ တချို့တွေက စင်တာက စစ်အစိုးရလက်ထက်မို့ သူတို့နဲ့ ပေါင်းဖွင့်တာဆိုပြီး မကုဘူးဆိုပြီး မလာတာတွေရှိတယ်။’’ လို့ အိတ်စွပ်စင်တာမှာ ကူညီဆောင်ရွက်ပေးနေ သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

 

လက်ရှိမှာ ကိုဗစ်ဖြစ်ပွားမှုအခြေအနေဆိုးရွားလာတာကြောင့် ကလေးပြည်သူ့ဆေးရုံက CDM လုပ်ထားတဲ့ ဆရာဝန်အချို့ဟာ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီး လူနာတွေကို ကုသပေးဖို့ ယာယီပြန်လာကူပေးနေတယ်လို့ သိရပါတယ်။