မနေ့က ဆေးရုံကို မြွေတစ်ကောင်နဲ့ လူတစ်ယောက်ရောက်လာခဲ့တယ်

(25-6-2021)သတင်းစကားပါးချင်တာက

24-6-2021 ရက်နေ့ည ၈ နာရီအချိန်သဲကုန်းမြို့နယ်၊ ဒါးသွေးကျောက်ရွာမှာအသက် ၂၇ နှစ်အရွယ်လယ်သမားတစ်ဦးညဖက်လယ်ကွင်းထဲသွားနေစဥ်ခြေထောက်ဟာစူးကနဲနာကျင်စွာခံလိုက်ရပြီးသကာလအဖြေရှာကြည့်လိုက်သောအခါမှာ

 

မြင်လိုက်ရတာကလက်မောင်းလုံးပတ်
အရွယ်အရှည်သုံးပေခန့်မြွေတစ်ကောင်
ခြေထောက်နားမှာခွေနေတာမြင်လိုက်ရတယ်

ရောင်စုံအကွက်နှင့်လှပစွာခွေနေတယ်
မြွေတို့ရဲ့အဆိပ်ဘုရင်မြွေပွေးတစ်ကောင်ပါ

ညဖက်အချိန်မို့ဆေးရုံကိုလာရတာအခက်အခဲရှိသလိုခေတ်ကာလကလည်းခေတ်ပျက်ကာလမို့မြွေကိုက်ခံရပြီးနှစ်နာရီအကြာမှဆေးရုံရောက်လာရတယ်

 

ကျေးဇူးတင်စရာကောင်း တာကမြွေကိုပါတခါတည်းသတ်ပြီးယူလာပေးတာပါပဲ

တာဝန်ကျဆရာဝန်လေးကမြွေအမျိုးအစားသိပြီဆိုတော့လိုအပ်တာစစ်ဆေးပြီးသကာလမြွေဆိပ်ဖြေဆေးအချိန်မှီထိုးပေးလိုက်တယ်

​မြွေဆိပ်ဖြေဆေးကရှိပေမဲ့မလုံလောက်တဲ့အတွက်ပုတီးကုန်းနဲ့ဆင်မြီးဆွဲတိုက်နယ်ရုံကိုလှမ်းပြီးအကူအညီတောင်းရတယ်

တိုက်နယ်ဆရာဝန်လေးတေကမြွေဆိပ်ဖြေဆေးကိုအချိန်မှီပို့ပေးပါတယ်

 

လူနာဟာဆေးရုံ​ရောက်လာတာအနည်းငယ်နောက်ကျနေတာမို့မြွေဆိပ်ဟာကျောက်ကပ်စထိပြီးဆီးသွားရင်သွေးပါထွက်လာတယ်

တာဝန်ကျဆရာဝန်ဆရာမတွေဟာ(၂၄ ) နာရီလုံးအထူးဂရုစိုက်ပြီးပြုစုကုသပေးခဲ့ကြတယ်

မြွေဆိပ်ဖြေဆေး ၃၂ လုံးတိတိထိုးပြီးချိန်မှာလူနာဟာအ​ခြေအနေပြောင်းသွားတယ်စိုးရိမ်စရာအခြေအနေကလွန်မြောက်ခဲ့တယ်

မြို့နယ်ဆေးရုံမှာမြွေဆိပ်ဖြေဆေးအများဆုံးထိုးလိုက်ရတဲ့လူနာအဖြစ်မှတ်တမ်းဝင်သွားပါတယ်

 

ဘာဖြစ်ဖြစ်လူနာဟာအရမ်းကံကောင်းတဲ့လူသားတစ်ဦးပါမိုးရာသီကာလမို့လားမသိမြွေကိုက်ခံရတဲ့လူနာဟာအတော်များလာတာသတိထားမိတယ်

ပြောပြချင်တာကဘာအကောင်ဖြစ်ဖြစ်အကိုက်ခံရရင်ဆေးရုံကိုမြန်နိုင်သမျှမြန်မြန်လာပေးရင် အသက်ရှင်နိုင်မှုအခွင့်အလမ်းများပါတယ်

 

မြွေဆိပ်ဖြေဆေးအတွက်ကုန်ကျစရိတ်မရှိပါဘူးလို့သတင်းစကားပြောကြားပါရစေ

သတိတရနှင့်ဓာတ်ပုံရိုက်ပေးသူကိုလည်းကျေးဇူးတင်ပါတယ်

မြို့နယ်ကျန်းမာရေးဦးစီးဌာန