စစ်ကောင်စီ ထုတ်ပြန်ချက်အသစ်က ကျောင်းလွှတ်နေတဲ့မိဘတွေနဲ့ ကျောင်းသားတွေအတွက် ရင်လေးစရာပဲဗျို့

ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့တွေမှာ ကျောင်းဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူအချို့ ကိုဗစ်ကူးစက်ခံနေရပေမယ့် စာသင်ကျောင်းတွေကို ယာယီရပ်နားခြင်းမရှိဘဲ Mask တပ်ပြီး စာဆက်သင်ကြားဖို့ စစ်ကောင်စီရဲ့..

လက်အောက်ခံ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးက အကြောင်းကြားစာထုတ်ပြန်ခဲ့ပါတယ်။မြောင်းမြမြို့မှာ စာသင်ကျောင်း ၃ကျောင်းမှ ဆရာမတွေအပါ အဝင် ကျောင်းသား၊ကျောင်းသူအချို့ ကိုဗစ်ကူးစက်ခံခဲ့ရသော်လည်း ကျောင်းများကို ယာယီရပ်နားခြင်း…

မရှိဘဲ ဆက်လက်ဖွင့်လှစ်နေတာကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ကျောင်းကိုစေလွှတ်ခြင်းမရှိဘဲနဲ့သာ ကိုဗစ်ကူးစက်ခြင်းကို ကာကွယ်နေရပါတယ်။မအူပင်မြို့မှာလည်း ကျောင်းဆရာမတစ်ဦးမှာ ကိုဗစ်တွေ့ရှိပေမဲ့ ဆရာမနဲ့အတူတူ စာသင်ခဲ့တဲ့ ကလေးတွေကို…

 

ရောဂါပိုးစစ်ဆေးပေးခြင်းမရှိခဲ့ပါဘူး။ဒါ့အပြင် လပွတ္တာမြို့က ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ မူလတန်းပြဆရာမတစ်ဦးဟာ စာသင်ကျောင်းမှာတင်မက နေအိမ်တွေအထိ ကျူရှင်လိုက်လံသင်ကြားပေးနေသူဖြစ်ပေမယ့် သူနဲ့ထိစပ်မိသူအားလုံးကို Quarantine…

ထားရှိတာ ရောဂါပိုးစစ်ဆေးပေးတာတွေ လုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။“နိုင်ငံရေးနဲ့မပြောချင်ဘူး ကျန်းမာ ရေးနဲ့ပြောမယ်၊ ဒီအချိန်မှာ ကျောင်းဖွင့်တာကိုပဲလိုချင်သူရော၊ ကျောင်းတက်ပြီး ကလေးတွေကို မတက်မနေရလုပ်နေသူ ဆရာ၊ဆရာမရော၊..

 

ဒါကြီးကိုလည်ပတ်ဖို့ ကျောင်းကိုပို့နေတဲ့ မိဘတွေရောက ကိုယ့်မြို့ဒေသမှာ ရောဂါကူးစက်မှုစက်ဝန်းပိုကျယ်အောင် လုပ်နေတဲ့ တရားခံတွေပဲ၊ ပိတ်ကိုပိတ်ပေးမှရတော့မှာကို ဖက်ဆစ် စစ်တပ်ကို ကြောက်ပြီး မျက်နှာလိုမျက်နှာရ လုပ်နေပြီး ကျောင်းဆက်ဖွင့်ပြ တာ…

Mask တပ်ပြီး စာသင်ခိုင်းတာဟာ ဘယ်လောက်များ သေချာမှာမို့လည်း လ က်န က်နဲ့လူ သ တ်သလို ရောဂါနဲ့ပါ လူ ေ သ နေစေတာ”လို့ အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂ ဗဟိုကော်မတီဝင်ဖြစ်သူ CDM ပြုလုပ်နေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဇောကပြောပါတယ်။…

စစ်ကောင်စီရဲ့ လက်အောက်ခံ ပညာရေးဌာနကတော့ ဧရာဝတီတိုင်းအတွင်းက ကိုဗစ်ရောဂါဖြစ်ပွါးနေတဲ့ စာသင်ကျောင်းတွေအပါအဝင် ကျောင်းအချို့ကို ယာယီပိတ်ပေးခြင်းကို မပြုလုပ်ဘဲ ဆရာ၊ဆရာမတွေကိုသာ Mask တပ်ပြီး စာသင်ကြားစေဖို့ ဖိအားတွေ ပေးနေတာဖြစ်ပါတယ်။..