ပြည်သူသွားလမ်းပေါ်မှာ ခဲတွေချထားတာကြောင့် မကြည့်ရက်တော့ဘဲ ဖယ်ရှားရှင်းလင်းပေးနေကြတဲ့သံဃာတော်

 

ပြည်သူတွေအားလုံးက ဒုက္ခဆင်းရဲမျိုးစုံကို ခံစားနေရတာဖြစ်လို့ ဘုရားသားတော်တွေဖြစ်တဲ့ သံဃာတော်တွေလည်း တတ်နိုင်တဲ့နေရာကနေ ကူညီပေးနေတာဖြစ်ပါတယ်။သံဃာတော်တွေက လက်ရှိအခြေအနေမှာဆိုရင်လည်း မှန်တဲ့ဘက်ကနေရပ်တည်ပြီး ပြည်သူတွေနဲ့တစ်သားတည်းရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် စားဝတ်နေရေးခက်ခဲနေတဲ့သူတွေကိုလည်း ဘုန်းဘုန်းတို့က စားစရာတွေ ပြန်စွန့်ပေးခဲ့တာဖြစ်ပါတယ်။ဘုန်းဘုန်းတို့ရဲ့ ကူညီဖေးမမှုတွေကို ပြည်သူတွေကလည်း ရင်ထဲကနေ ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

လတ်တလောအခြေအနေကြောင့် တစ်ခါတလေဆိုရင် လမ်းပေါ်တွေမှာ အတားအဆီးတွေလည်းရှိသလို ကားတာယာတွေမီးရှို့ပြီး ပိတ်ပင်ထားတာတွေလည်းရှိပါတယ်။အခုဆိုရင်တော့ လမ်းပေါ်မှာ ခဲတွေချထားတာကြောင့်သံဃာတော်တွေက အများသူငါ ဘေးအန္တရာယ်ကင်းကင်း သွားလာနိုင်အောင်လို့ ဖယ်ရှားရှင်းလင်းပေးနေကြတာဖြစ်ပါတယ်။လမ်းပေါ်မှာလည်း ကားတွေက သွားလာနေတာဖြစ်လို့ အခုလိုခဲတွေချထားတဲ့အခါမှာ မတော်တဆအန္တရာယ်တွေဖြစ်နိုင်ပါတယ်။

အခုလိုမျိုး ပြည်သူတွေအန္တရာယ်မဖြစ်အောင် ခဲတွေဖယ်ပေးနေတဲ့ ဘုန်းဘုန်းတို့ရဲ့ စေတနာကိုသိမြင်တဲ့ ကားပေါ်ကပြည်သူတစ်ဦးက ဗီဒီယိုရိုက်ထားခဲ့တာဖြစ်ပါတယ်။ဒီအခြေအနေမှာ ပြည်သူတွေလည်း လမ်းပေါ်ထွက်ရင်တောင် သတိဝီရိယလေးထားပြီး သွားလာနေရတာဖြစ်ပါတယ်။ပြည်သူတွေအပေါ်မှာ မေတ္တာနဲ့ဆက်ဆံပေးပြီးတတ်နိုင်တဲ့နေရာကနေ ကူညီပေးနေကြတဲ့ ဘုန်းဘုန်းတို့ရဲ့စေတနာကို ပြည်သူများကြည့်ရှု့ရအောင်လို့ ဗီဒီယိုင်ဖိုင်လေးမျှဝေပေးလိုက်ပါတယ်။

Videoကြည့်ရန်….အောက်ပါlinkကို selectပေးပြီး openကိုနှိပ်ပါ

https://www.facebook.com/100022453973835/videos/977421389682984/