ပြည်သူ့အာဏာလုယူထားတဲ့ မအလရဲ့ အာဏာ ထပ်သိမ်းခံရ

စိုးဝင်း အာဏာထပ်သိမ်းတယ် ကြားနေတယ်။အမှန်လားဆိုတာ စုံစမ်းဆဲပါ။

 

ရန်ကုန်မြို့အင်းလျားလမ်း၊ လွန်ခဲ့တဲ့ တနရီကျော်ခန့်က တပ်မတော် ဧည့်ဂေဟာနားမှာ စစ်တပ်အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ထားတာ တွေ့ရပါတယ်။

သြဂတ်စတင်း ကျောင်းနားမှာ စစ်ကား အနည်းဆုံး ၁၀ စီးကျော် ရှိနေပြီး၊ အင်လျားလမ်း နဲ့ ဥယျဉ်လမ်းထောင့်မှာ စစ်ကား အနည်းဆုံး ၃ စီးခန့် ပိတ်ထားတာကို တွေ့ရပါတယ်။

ဒီနေရာဝန်းကျင်ဟာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရှိရာအရပ် ဖြစ်ပြီး ဒုချုပ်စိုးဝင်းနေထိုင်တဲ့ ရပ်ကွက်လည်း ဖြစ်ပါတယ်။ နေပြည်တော်မှာလည်း စစ်ကား အသွားအလာရှုပ်ထွေးနေပြီး မတည်ငြိမ်မှု ရှိနေတယ်လို့ သတင်းရရှိ။