ဒီမိုကရေစီတိုက်ပွဲမှာ ပထမဆုံးကြိုးပေးခြင်းခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦး ကျဆုံးမှု

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် “မင်းတို့စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုခဲ့သည့် ဆလိုင်းတင်မောင်ဦး ကျဆုံးမှု ၄၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြသည်။

 

ရန်ကုန်တက္ကသိုလ်ကျောင်းသား ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်တွေဆီက မဆလ တစ်ပါတီစနစ်၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရာမှာ

 

ဦးဆောင်ခဲ့ပြီး”ဒီမိုကရေစီတိုက်ပွဲမှာ ပထမဆုံးကြိုးပေးခြင်းခံရသည့် ကျောင်းသားခေါင်းဆောင်ရဲဘော် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့် ဂုဏ်ပြုဦးညွှတ်သောအားဖြင့် သမဂ္ဂအလံတော် တပ်ဦးလွှင့်ထူ၍ မုံရွာပင်မသပိတ်က ချီတက် ဆန္ဒပြသည်။