မနေ့က တရုတ် ကိုယ်ခံပညာကျောင်းတစ်ကျောင်းမှာ ၁၈ ဦးထက် မနည်း ​ေ သ ဆုံး ခဲ့ရမှု

 

တရုတ်နိုင်ငံအလယ်ပိုင်းက ကိုယ်ခံပညာကျောင်းတစ်ကျောင်းမှာ သောကြာနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့တာကြောင့် လူ ၁၈ ဦးထက်မနည်း ​ေ သ ဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရက ပြောဆိုပါတယ်။

 

​ေ သ ဆုံးခဲ့သူအားလုံးဟာ သိုင်းသင်တန်းတက်နေကြတဲ့ ကျောင်းသားတွေဖြစ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြခဲ့ပြီး ​ေ သ ဆုံးသူတွေဟာ အသက် ၇ နှစ်ကနေ ၁၆ နှစ်အကြားရှိသူတွေဖြစ်တယ်လို့ ဒေသတွင်း မီဒီယာက ဖော်ပြပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီလို့ ဟီနန်ပြည်နယ် Zhecheng ကောင်တီအစိုးရက ထုတ်ပြန်ပါတယ်

 

မီးလောင်မှုနဲ့ ပတ်သက်ပြီး ကောင်တီရဲ့ ကွန်မြူနစ်ပါတီ အတွင်းရေးမှူး အပါအဝင် အရာရှိလေးဦးကို ရာထူးမှဖြုပစ်ခဲ့ကြောင်း ဒေသတွင်း သတင်းစာတစ်စောင်ဖြစ်တဲ့ Henan Daily က ဖော်ပြပါတယ်။ ဒါ့အပြင် သင်တန်းကျောင်း မန်နေဂျာနဲ့ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားတယ်လို့လည်း ယင်း သတင်းစာက ဖော်ပြပါတယ်။ မီးလောင်ချိန်က သင်တန်းကျောင်းမှာ ကျောင်းသား ၃၄ ဦး ရှိနေတယ်လို့ အစိုးရဝန်ထမ်းတစ်ဦးက ပြောဆိုပါတယ်။

 

ဒဏ်ရာရခဲ့သူတွေအနက် လေးဦးဟာ ဒဏ်ရာပြင်းထန်ပြီး ဒေသတွင်းဆေးရုံတစ်ခုသို့ အရေးပေါ်ပို့ပေးခဲ့ရကြောင်း သိရပါတယ်။

 

Zawgyi Version

မေန႔က တ႐ုတ္ ကိုယ္ခံပညာေက်ာင္းတစ္ေက်ာင္းမွာ ၁၈ ဦးထက္ မနည္း ​ေ သ ဆုံး ခဲ့ရမႈ

 

တ႐ုတ္ႏိုင္ငံအလယ္ပိုင္းက ကိုယ္ခံပညာေက်ာင္းတစ္ေက်ာင္းမွာ ေသာၾကာေန႔မနက္ပိုင္းက မီးေလာင္မႈျဖစ္ခဲ့တာေၾကာင့္ လူ ၁၈ ဦးထက္မနည္း ​ေ သ ဆုံးကာ ၁၆ ဦး ဒဏ္ရာရခဲ့ေၾကာင္း ေဒသဆိုင္ရာ အစိုးရက ေျပာဆိုပါတယ္။


​ေ သ ဆုံးခဲ့သူအားလုံးဟာ သိုင္းသင္တန္းတက္ေနၾကတဲ့ ေက်ာင္းသားေတြျဖစ္ေၾကာင္း ဆင္ဟြာသတင္းက ေဖာ္ျပခဲ့ၿပီး ​ေ သ ဆုံးသူေတြဟာ အသက္ ၇ ႏွစ္ကေန ၁၆ ႏွစ္အၾကားရွိသူေတြျဖစ္တယ္လို႔ ေဒသတြင္း မီဒီယာက ေဖာ္ျပပါတယ္။ မီးေလာင္ရတဲ့ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနၿပီလို႔ ဟီနန္ျပည္နယ္ Zhecheng ေကာင္တီအစိုးရက ထုတ္ျပန္ပါတယ္။

မီးေလာင္မႈနဲ႔ ပတ္သက္ၿပီး ေကာင္တီရဲ႕ ကြန္ျမဴနစ္ပါတီ အတြင္းေရးမႉး အပါအဝင္ အရာရွိေလးဦးကို ရာထူးမွျဖဳပစ္ခဲ့ေၾကာင္း ေဒသတြင္း သတင္းစာတစ္ေစာင္ျဖစ္တဲ့ Henan Daily က ေဖာ္ျပပါတယ္။ ဒါ့အျပင္ သင္တန္းေက်ာင္း မန္ေနဂ်ာနဲ႔ သံသယရွိသူႏွစ္ဦးကို ဖမ္းဆီးထားတယ္လို႔လည္း ယင္း သတင္းစာက ေဖာ္ျပပါတယ္။ မီးေလာင္ခ်ိန္က သင္တန္းေက်ာင္းမွာ ေက်ာင္းသား ၃၄ ဦး ရွိေနတယ္လို႔ အစိုးရဝန္ထမ္းတစ္ဦးက ေျပာဆိုပါတယ္။

ဒဏ္ရာရခဲ့သူေတြအနက္ ေလးဦးဟာ ဒဏ္ရာျပင္းထန္ၿပီး ေဒသတြင္းေဆး႐ုံတစ္ခုသို႔ အေရးေပၚပို႔ေပးခဲ့ရေၾကာင္း သိရပါတယ္။