အမေယုံကြည်ရတဲ့သားတစ်ယောက်ဖြစ်စေရမယ်ဆိုပြီး ခံစားချက်အပြည့်နဲ့ သီဆိုလိုက်တဲ့ GZ လူငယ်လေးတွေ

အောက်ဆုံးတွင်Videoပါသည်….

ယုံကြည်မှုတစ်ခုအတွက်နဲ့ အနေအစားမလုံခြုံ မကောင်းမွန်တဲ့အရပ်ဒေသကို သွားရောက်ပြီး စစ်ပညာသင်ယူနေတဲ့ တော်လှန်ရေးလူငယ်တွေဟာ ပြည်သူတွေအတွက်တော့ အားကိုးရာ အလင်းတန်းလေးတစ်ခုပါပဲ။ အာဏာရှင်တွေနဲ့ သူတို့ရဲ့နောက်လိုက်တွေကို အမြစ်ဖြတ်ဖို့ ဒုက္ခတွေကြားထဲမှာ ရုန်းကန်နေရတဲ့အချိန် အိမ်ကိုလွမ်းတဲ့စိတ်တွေဖြစ်ကြောင်း ရင်ဖွင့်ကြတဲ့ GZ တို့ရဲ့ခံစားချက်တွေကို လူမှုကွန်ယက်မှာ မကြာခဏဆိုသလို တွေ့ကြရပါတယ်။ ဒီတစ်ခေါက်မှာလည်း တောထဲမှာနေရင်း မိခင်ကိုလွမ်းတဲ့စိတ်တွေနဲ့ ဆွေးဆွေးမြေ့မြေ့ ဖွဲ့သီထားတဲ့ ” အမေ့ရဲ့သား ” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ခံစားချက်အပြည့်နဲ့သီဆိုနေကြတဲ့ GZ တို့ရဲ့ ဗီဒီယိုဟာ ကြည့်ရှုသူတိုင်းကို ထပ်တူခံစားမိစေပါတယ်။

 

ဒီနိုင်ငံကြီးအာဏာရှင်စနစ်ဆိုးလက်အောက်ကလွတ်မြောက်ရမယ်ဆိုတဲ့ယုံကြည်ချက်အပြည့်နဲ့ ပင်ပန်းခက်ခဲတဲ့ဒဏ်တွေကို ရင်ဆိုင်နေခဲ့တာပါ။ နွေးထွေးတဲ့အိမ်နဲ့ အမြဲတမ်းကြင်နာပေးတဲ့ မိခင်ကိုလွမ်းတဲ့စိတ်တွေကိုလည်း ချိုးနှိမ်ပြီးနေရတာ အတော်လေးမလွယ်ကူပါဘူး။ ဂစ်တာလေးတစ်လက်နဲ့ ခံစားရသမျှတွေကို ပေါက်ကွဲထွက်ပြီးဆိုနေတဲ့ သီချင်းသံတွေဟာ လည်ချောင်းကလာတာမဟုတ်ဘဲ နှလုံးသားကလာတယ်ဆိုတာ ကြည့်လိုက်တာနဲ့ သိသာနေပါတယ်။ ဒီသီချင်းလေးကို တေးရေး နေလုံးကရေးပေးထားပြီး တောခိုသွားတဲ့ တော်လှန်ရေး GZ တွေက သီဆိုထားတာပဲဖြစ်ပါတယ်။

 

သီချင်းရဲ့စာသားတွေဟာ လက်ရှိအဖြစ်အပျက်တွေကိုအခြေခံပြီးရေးဖွဲ့ထားတာဖြစ်လို့ အိမ်ဝေးနေတဲ့ တော်လှန်ရေးသူရဲကောင်းတွေအတွက် ထိမိတဲ့သီချင်းတစ်ပုဒ်ဖြစ်မှာပါ။ အမေနဲ့အတူ တစ်နိုင်ငံလုံး ပျော်ရွှင်ဖို့အတွက် လွတ်လပ်ရေးအရယူမယ်ဆိုတဲ့ ယုံကြည်ချက်တွေအပြင် ကျဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူတွေအတွက်သွေးကြေးဆပ်မယ်ဆိုတဲ့ စကားလုံးတွေဟာ ပြောင်မြောက်လွန်းပါတယ်။ စာသားတစ်ကြောင်းချင်းစီရဲ့အဓိပ္ပါယ်တွေဟာ လေးနက်လွန်းတာကြောင့် ပရိသတ်ကြီးလည်း ထပ်တူနားဆင်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

 

Videoကြည့်ရန်….