လူရာချီတဲ့ ​ေ သ ဆုံးမှုကြီး ထပ်မံဖြစ်ပွား

မိုင်ယာမီမြို့မှာ တစ်စိတ်တစ်ပိုင်း ပြိုကျသွားခဲ့တဲ့ အထပ်မြင့်အဆောက်အအုံကနေ အသက်ရှင်လွတ်မြောက်နိုင်သူတွေ ရှိနိုင်သေးတယ်လို့ ဖလော်ရီဒါပြည်နယ် တာဝန်ရှိသူတွေ ဆက်လက် မျှော်လင့်နေကြပါတယ်။ အင်ဂျင်နီယာတစ်ဦးက အဆောက်အအုံရဲ့ အဓိကတည်ဆောက်ရေးပိုင်း ပျက်စီးနေပြီလို့ သတိပေးခဲ့ပြီး သုံးနှစ်အကြာမှာ ယင်း အဆောက်အအုံ ပြိုကျသွားခဲ့တာဖြစ်ပါတယ်။

 

မျှော်လင့်ချက်ရှိနေသေးတယ်ဆိုပေမယ့်လည်း မီးလောင်မှုဖြစ်ခဲ့တာကြောင့် ပျောက်ဆုံးနေတာနှစ်ရက်ကြာလာပြီဖြစ်တဲ့ လူ ၁၅၆ ဦးကို ရှာဖွေရေး အပူတပြင်းကြိုးစားလုပ်ဆောင်နေမှုတွေအတွက် ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ တစ်စိတ်တစ်ပိုင်းပြိုကျသွားတဲ့ အဆောက်အအုံဟာ အပျက်အစီးပုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာပါ။

 

ဒီမီးလောင်မှုကြောင့် မယုံကြည်နိုင်ဖွယ် အခက်အခဲနဲ့ မိမိတို့ ရင်ဆိုင်နေရတယ်လို့ မိုင်ယာမီ-ဒိတ်ကောင်တီ မြို့တော်ဝန် ဒန်နီရယ်လာ လီဗင်းကာဗာက စနေနေ့အစောပိုင်းမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ အလုပ်သမားတွေက အပျက်အစီးပုံကို တူးဖော်ကာ အောက်အတွင်းပိုင်းက မီးလောင်နေမှုကို ငြိမ်းသတ်နိုင်ဖို့ကြိုးစားကြပေမယ့် မီးခိုးတွေက နေရာအနှံ့ပျံ့နေတယ်လို့လည်း သူမက ပြောဆိုပါတယ်။

 

သို့ပေမယ့် မိမိတို့ မျှော်လင့်ချက်ဆက်ထားပြီးတော့ ဆက်ရှာနေပါကြောင်း အပျက်အစီးတွေအောက်ကနေ အသက်ရှင်သန်နိုင်သူတွေကို ရှာဖွေနေကြပြီး မိမိနဲ့ မိမိအဖွဲ့ရဲ့ ပထမဦးစားပေးအရာက လုပ်ငန်းစဉ်ကို ရပ်တန့်မပစ်ဖို့ဖြစ်ပါကြောင်း ဆိုခဲ့ပါတယ်။

 

မိုင်ယာမီ ကမ်းအခြေအနီး Surfside အရပ်ရှိ ယင်း ၁၂ ထပ် အဆောက်အအုံပြိုကျမှုမှာ ​ေ သ ဆုံးသူ ၅ ဦး ရှိပြီလို့ အတည်ပြုထားပြီး အဆောက်အအုံဟာ ကြာသပတေးနေ့မနက်အစောပိုင်း လူတွေ အိပ်မောကျနေချိန်မှာ ပြိုကျသွားခဲ့တာဖြစ်ပါတယ်။