မဟာမုနိဘုရားထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AAမှ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က နာမည်ကြီး မဟာမုနိဘုရားဝင်းထဲမှာ တပ်စွဲထားတဲ့ ရဲအသွင်ပြောင်း စစ်သားတွေကို ရက္ခိုင့်တပ်တော် (AA) ကလ က်န က်ချခိုင်းပြီးတော့ ​ေ သ န တ်အလက် ၂၀ နဲ့ကျ ည်တွေကို သိမ်းသွားတယ်လို့ သိရပါတယ်။ ည ၁၂ နာရီ ဝန်းကျင်မှာ AA တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ ထားပြီးတော့ လ က်န က်ချခိုင်းခဲ့တာဖြစ်ပါတယ်။

 

မဟာမုနိဘုရားဟာ ဒေသတွင်း ခရီးသွားတွေကြားနာမည်ကြီးတဲ့အတွက် ဘုရာဖူးတွေအမြဲလိုလိုရှိတတ်ပါတယ်။ “ရဲယူနီဖောင်းပြောင်းထားတဲ့ စစ်သားတွေက ဘုရားမှာ ​ေ သ နတ်တကားကားနဲ့နေကြတာ ကြာပြီ။ ဘုရားဖူးတွေလည်း စိတ်မဖြောင့်ဘူး။

 

ကျနော်တို့ကတော့ ကြိုဆိုတယ် ဝမ်းသာတယ်။ ဘုရားမှာ ​ေ သ နတ်တကားကားလုပ်နေတာမရှိသင့်ဘူး” လို့ ကျောက်တော် ဒေသခံတစ်ဦးက ပြောပါတယ်။