သက်တမ်းတိုးဖို့ကြံစည်နေပြန်တဲ့ မအလ

အရေးပေါ်အခြေအနေကာလကို ကျော်လွန်သည်အထိ မတည်မငြိမ်ဆက်ဖြစ်နေပါက သက်ဆိုင်ရာတာဝန်ရှိသူထံတင်ပြပြီးနောက်ထပ်သက်တမ်းတိုးသွားရလိမ့်မည်ဖြစ်သော်လည်း ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မည်ဟု ဌက်ပျောတော ဂျပုက ပြောကြားလိုက်သည်။လက်ရှိနိုင်ငံရေးအခင်းအကျင်းဖြစ်သော အာဏာသိမ်းမှုလုပ်ငန်းစဉ်သည် မဲမသမာမှုများကို ဖြေရှင်းပေးခြင်း သို့မဟုတ်

 

တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဆိုသော လမ်းစဉ်များကို ကျော်လွန်၍ အာဏာအတင်းရယူလိုသည့်အဆင့်ကျော်မှုမျိုးများကြောင့် ဖြစ်လာရသည်ဟုလည်း ရုရှားမီဒီယာနှင့်သီးသန့်အင်တာဗျုးတွင် ထည့်သွင်းပြောကြားသည်။” ကျွန်တော့်မှာ ဒီအခြေခံဥပဒေဟာ အရေးပေါ်ကာလတစ်နှစ်ပဲ ကြေညာလို့ လုပ်လို့ရပါတယ်။ ဒါကို မပြီးမြောက်ဘူးဆိုလိုရှိရင် တာဝန်ရှိတဲ့အဖွဲ့အစည်းကို ကျွန်တော်ပြန်လည်တင်ပြပြီးတော့မှ (၆) လတစ်ကြိမ် (၆) လတစ်ကြိမ် သက်တမ်းနှစ်ကြိမ်တိုးခွင့်ရှိတယ်။

 

အားလုံး နှစ်နှစ်ပေ့ါ။ အဲဒီတော့ အကြမ်းဖျင်းအားဖြင့်တော့ ဒီနှစ်နှစ်အတွင်းမှာတော့ ရွေးကောက်ပွဲပြန်ဖြစ်ဖို့အတွက် လမ်းစရှိတယ်ဆိုတာကို ကျွန်တော်ပြောလိုတယ်။ ဒီလိုတော့ ဖြေလို့ရတာပေါ့ဗျာ။အခု တိုင်းပြည်ရေးရာဟာ လက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့ဟာ ၁၀၀ ရာခိုင်နှုန်း အားလုံးပြီးပြီးဆိုတဲ့၊ တည်ငြိမ်အေးချမ်းပြီဆိုတဲ့ အခြေအနေတော့ မရောက်သေးတဲ့ အခြေအနေရှိတာကိုး။

 

ဒါ့ကြောင့် ဒါကိုလည်း ထည့်ပြီးစဉ်းစားဖို့တော့လိုပါတယ်။ နည်းနည်းတော့ ကျွန်တော်ပြောဖို့တော့ စောသေးတယ်။ သို့သော် လည်း အကြမ်းဖျင်း နှစ်နှစ်မှာတော့ ဖြစ်နိုင်ပါတယ် ” ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။အထူးသဖြင့် ယင်းဆုံးဖြတ်အသိပေးချက်မှာလည်း အာဏာသိမ်းမှုအပြီး နာရီပိုင်းအတွင်းမှာပင် ကြေညာခဲ့သော ရှေ့လုပ်ငန်းစဉ် မူ(၅)ချက်ကို အခြေခံထားခြင်းဖြစ်ပြီး ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်ပွဲကို မဖြစ်မနေ လုပ်သွားမည်ဟု ကတိပေးထားသည့်အတိုင်း မဖြစ်မနေလုပ်သွားမည်ဟု အတိအလင်းပြောကြားထားသည်။