ပြည်သူတွေ အယုံမမှားမိစေဖို့နဲ့ မျက်ခြေပြတ်လို့မရတဲ့ စစ်ကောင်စီရဲ့ အကြံအစည်

စစ်ကောင်စီရဲ့အကြံ မျက်ခြေပြတ်လို့မရပါအကြ မ်းဖက်စစ်အုပ်စုဟာ သူတို့ရဲ့လမ်းစဉ်ဟောင်းအတိုင်း သပ်လျှိုသွေးခွဲမယ့် အကြံယုတ်တွေကိုစသုံးနေပြီဖြစ်ပါတယ်။ မတရားဖမ်းဆီးထားသူများထဲက တချို့တဝက်ကို မေတ္တာရှေ့ထား လွှတ်ပြပြီး၊ ပုံမှား ရိုက်ပါတော့မယ်။

 

ကျွန်တော်တို့ အားလုံးသိပြီးသားဖြစ်တဲ့ “အစတည်းက မဖမ်းသင့်တဲ့သူတွေကို ဖမ်းထားတာဖြစ်တဲ့အတွက်၊ လွှတ်ပေးတယ်ဆိုလို့လဲ ဘာကျေးဇူးမှ တင်စရာမရှိပါဘူး”ဖမ်းဆီးထားတဲ့ ၆၀၀၀ ဝန်းကျင်ထဲကမှ ဇကာစစ်ထုတ်၊ ခွေးရူးတွေ လိုချင်တဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ တက်ကြွလှုပ်ရှားသူများကို ချန်ထားခဲ့ပြီး၊ အချို့တဝက်ကိုသာ ဟန်ပြလွှတ်မယ်ဆိုတာ အားလုံးအသိပါ။

စစ်ကောင်စီအနေနဲ့ခုလိုနိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကိုလည်း ကျွန်တော်တို့ မြင်အောင်ကြည့်ရမှာပါ။

 

နိုင်ငံတကာရော ပြည်တွင်းစစ်မျက်နှာပြင်မှာပါ မရှုမလှခံနေရတဲ့ စစ်အုပ်စုအနေနဲ့အခုလို လုပ်တာဟာ နိုင်ငံတကာစာမျက်နှာအတွက်နဲ့ပြည်တွင်းတော်လှန်ရေးအင်အားစုတွေကြားမှာ သပ်လျှိုသွေးခွဲဖို့ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်နိုင်ပါတယ်။ထို့ကြောင့် ကျနော်တို့ တော်လှန်ရေးအင်အားစုများအနေနဲ့တော့ သတိကြီးကြီးထားဖို့လိုပါတယ်။

 

ကိုယ့်ရဲဘော်ရဲဘက်တွေထဲက၊ မိတ်ဆွေတွေထဲက လွတ်မြောက်လာသူတွေ ရှိလာမှာ ပါလာမှာပါ။ ကျနော်တို့သူတို့အပေါ်ဘယ်လိုသဘောထားမလဲ? ဘယ်လို ဆက်သွယ်လက်ခံမလဲဆိုတာတွေ ရဲဘော်ရဲဘက်တွေကြားမှာ တိုင်ပင်ဆွေးနွေးထားသင့်ပါတယ်။ကျနော်တို့ရဲ့လက်တွဲဘက်တွေဖြစ်ပေမယ့် ဘယ်လိုပဲပြောပြော စစ်အုပ်စုရဲ့ marking ရှိပြီးသားပုဂ္ဂိုလ်တွေ ဖြစ်နေတာကို သတိပြုရပါမယ်။

သူတို့ရဲ့ နေရပ်၊ ဖုန်း စတာတွေအပြင် လှုပ်ရှားသွားလာမှုကို ပစ်မှတ်ထား စောင့်ကြည့်တာမျိုးတွေလဲ ရှိနေနိင်ပါတယ်။ဒါကြောင့်မြေအောက်တော်လှန်ရေးလှုပ်ရှားတဲ့ ရဲဘော်များအနေနဲ့လွတ်မြောက်လာသောရဲဘော်များနဲ့ ပြန်လည်ချိတ်ဆက်တဲ့နေရာမှာ

 

သူတို့နဲ့ဆက်သွယ်ဖို့သီးသန့်ဖုန်းနံပါတ်တပ်ဆင်ထားတဲ့ handset ကို အသုံးပြုတာမျိုး ဆက်သွယ်ရာမှာ လုံခြုံရေးအဆင့်အတန်း သတ်မှတ်ထားပြီး အဆင့်အလိုက် လိုအပ်သောချိတ်ဆက်မှုကိုသာ ပြုလုပ်တာမျိုး

အနည်းဆုံး ၁၄ ရက်မှ ရက် ၃၀ အထိ လေ့လာစောင့်ကြည့်ပြီးမှ လူချင်းတွေ့တာမျိုးအစရှိသဖြင့် ကြုံတွေ့လာမယ့် အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့တွေ လိုပါတယ်။အခုလိုသတိပေးစကားတွေပြောရတာဟာ အချင်းချင်းကြား သွေးခွဲတာလဲမဟုတ်သလို၊ လွတ်မြောက်လာသူတွေနဲ့ လက်တွဲဖြုတ်ဖို့လဲ မဟုတ်ပါဘူး။

တစ် နှစ်ပိုင်းတပိုင်း ဆိုတဲ့ ပျားဂေဟာကြီးကို မမှီခဲ့ပေမယ့်၊ ၈၈နောက်ပိုင်း ဗိုလ်ခင်ညွန့်လက်ထက်ကထဲက မြေပေါ် နဲ့ မြေအောက်၊ ကျောင်းသား နဲ့အရပ်သား၊ပါတီ နဲ့လ က်န က်ကိုင်၊ ထောင်ကျ နဲ့ဝရမ်းပြေး ပေါင်းစုံမှာ သပ်လျှိုသွေးခွဲခဲ့ကြတာကို ဖြတ်သန်းမှုတွေအရ တွေ့ခဲ့ကြုံခဲ့

 

ဆုံခဲ့ကြရတာဖြစ်တာကြောင့် အခုလို တော်လှန်ရေးအရှိန်ကောင်းနေသောကာလမှာ မြင်းကောင်းခွာလိပ် မဖြစ်စေဖို့သတိပေးရခြင်းသာ ဖြစ်ပါတယ်ခင်ဗျား။သိပ်မကြာခင် ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ဟာရောက်တော့မှာပါ။ ကျွန်တော်တို့ရဲဘော်ရဲဘက်တွေအနေနဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ထုတ်သုံးလာနိုင်တဲ့ အကြံယုတ်တွေကို သတိထား လှုပ်ရှားသွားမယ်ဆိုရင် အောင်ပွဲဟာ မဝေးတော့ပါဘူး။အရေးတော်ပုံ မုချ အောင်ရမည်။မှတ်ချက်။ ယခုဆောင်းပါးသည် စာရေးသူ မြေအောက် ရဲဘော်တစ်ဦး၏ အာဘော်သာဖြစ်သည်။