သားသမီး ကံ မကောင်းလို့ အိုမင်းတဲ့အချိန်မှာ ဒုက္ခတွေ့နေရတဲ့ မိခင်အိုကြီး

မိဘတွေကိုပြန်ပြီး ကျွေးမွေးစောင့်ရှောက်ရမှာကို ကြောက်ကြတဲ့ သားသမီးတွေရှိကြပါတယ် ။

 

ဒီတစ်ခေါက်မှာလည်း အဘွားအိုတစ်ဦးဟာ နေအိမ်အပြင်ဖက်ဝါးနဲ့ပြုလုပ်ထားတဲ့ ကြမ်းပြင်ပေါ်မှာ အိပ်စက်နေခဲ့ရပါတယ် ။

ခေါင်းအုံးမှာလည်း အဆင်ပြေတဲ့ဟာနဲ့အသုံးပြုခဲ့ပြီး ခန္ဓာအောက်ပိုင်းကို ပိတ်စလေးနဲ့ အုပ်ထားကာ ထီးလေးနဲ့မိုးထားခဲ့တာကို တွေ့ရှိရမှာပါ ။အဘွားအိုဟာ ထပြီး လမ်းလျှောက်နိုင်ပုံလည်းမရပါဘူး ။

ဒါကြောင့် နေအိမ်အပြင်ဖက်မှာ အိပ်စက်ပြီးနေထိုင်နေခြင်းကပတ်ဝန်းကျင်က စွန့်ကျဲပေးကမ်းတဲ့ စားစရာတွေကိုသာ မှီခိုအားထားနေရပုံပါ ။

 

အဘွားအိုရဲ့အဖြစ်ကို လူအတော်အများက သနားဂရုဏာတက်ခဲ့ကြပြီးမိခင်တစ်ယောက်ကို ကျွေးမွေးဖို့က သားသမီးတွေအနေနဲ့ အရမ်းကိုခက်ခဲနေတာလားဆိုပြီးလူအများက စိတ်ဆိုးဒေါသထွက်ကာ မေးခွန်းထုတ်ခဲ့ကြပါတယ် ။

သားသမီးကံ မကောင်းလို့ အိုမင်းတဲ့အချိန်မှာ ဒုက္ခတွေ့နေရတဲ့ မိခင်အိုကြီးလို့ ပြောရမှာပါပဲ ။