မြစ်ရေကြီးမှုကြောင့် အ လေ ာင်းတွေရာချီပေါ်လာလို့ ဒုက္ခရောက်

 

ရာသီမိုးရွာသွန်းမှုတွေကြောင့် ဂင်္ဂါမြစ် ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး မကြာခင်က အိန္ဒိယရဲ့ ကိုဗစ်ဖြစ်ပွားမှုပြင်းထန်ကာလအတွင်း မြစ်ကမ်းဘေးမှာ မြှုပ်နှံထားခဲ့တဲ့ ကိုဗစ် လူနာအ ​ေ လ ာင်းတွေ ပြန်ပေါ်လာကြောင်း သိရပါတယ်။

 

ပြီးခဲ့တဲ့ သုံးပတ်အတွင်း မီးသင်္ဂြိုလ်ပေးခဲ့ရတဲ့ ရုပ်အ ​ေ လ ာင်းပေါင်း ၁၅၀ နီးပါးရှိသွားပြီဖြစ်တယ်လို့ မြောက်ပိုင်းမြို့ အလာဟာဘတ်မှ အရာရှိတစ်ဦးဖြစ်သူ နီရာဂျေ ကူးမားဆင်းက ပြောဆိုပါတယ်။

 

မိမိတို့အနေနဲ့ ဘယ်အ ​ေ လ ာင်းကိုမျှ ပြန်ဖော်တာမျိုးမရှိပေမယ့် မြစ်ရေမြင့်တက်မှုကြောင့် ပေါ်လာတဲ့ အ လေ ာင်းတွေတိုင်းကိုတော့ မီးသင်္ဂြိုလ်ပေးနေကြောင်း ၄င်းက ပြောဆိုပါတယ်။ မြှုပ်ထားတဲ့ ဧရိယာဟာ တစ်ကီလိုမီတာလောက် ကျယ်ပြန့်ပြီး ၅၀၀ ကနေ ၆၀၀ ဝန်းကျင်လောက် မြှုပ်ထားလိမ့်မယ်လို့ မိမိတို့ ခန့်မှန်းထားကြောင်းလည်း ဆိုခဲ့ပါတယ်။ အ လေ ာင်းတွေ မြှုပ်နှံသင်္ဂြိုလ်ပေးရာမှာ ကြိုတင်ကာကွယ်ရမယ့်အရာမှန်သမျှလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

 

 


ယခု ကိုဗစ်အ ​ေ လာင်းတွေဟာ အိန္ဒိယနိုင်ငံမှာ ပိုးကူးစက်မှုတွေ အလွန်မြင့်မားခဲ့ကာ ဒေသများစွာရှိ ဆေးရုံတွေ မနိုင်မနင်းဖြစ်ကုန်ခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်းက ကိုဗစ်လူနာအလောင်းတွေလို့ အများစုက ယုံကြည်ကြပါတယ်။ ယင်း အချိန်က အချို့မိသားစုတွေဟာ ဟိန္ဒူရိုးရာအရ မီးသင်္ဂြိုလ်ပေးနိုင်တဲ့အနေအထားမရှိခဲ့တာကြောင့် ဂင်္ဂါမြစ်ထဲ မျှောပစ်ခြင်း သို့မဟုတ် မြစ်ကမ်းပါး သဲပြင်မှာ မြှုပ်နှံခဲ့ခြင်းတို့ လုပ်ခဲ့ကြကြောင်း သိရပါတယ်။